ပြန်လည်ခေါ်ယူ ❇️²⁶

140 17 2
                                    

အပေါ်ထပ်ကအော်သံကြား၍ မြနန်းနှင့် အတူ မိဖုရားကြီးပါ တက်သွားရသည်။ ဒီအိမ်ထဲ၀ယ် မြနန်း၊ ဖု၀င်း၊ ၀က်(ထ်)၊ သားကြီးနဲ့ အိမ်အကူလေးယောက်။

မြနန်းနှင့် မိဖုရားမဟုတ်ဘူး။
ကျန်တဲ့သူ‌တွေထဲက တစ်ယောက်ယောက် ဖြစ်နိုင်သည်။မိဖုရားကြီးကတော့ Watမဖြစ်ဖို့ရာ ဆုတောင်းရင်းပေါ့။

အပြေးအလွှားသွားကြည့်တော့ Watအခန်းရှေ့မှာ လဲနေတဲ့ သားကြီး။ ထိုအခါမှ Watက အခန်းထဲကထွက်လာသည်။

"သားကြီး..."

မိဖုရားကြီးဟာ ဗိုက်ထဲ၌ဓားတန်းလန်းစိုက်၀င်နေသော မင်းသားအကြီးဆုံးဆီကို အပြေးသွားလိုက်ကာ၊ ဖက်ထားလိုက်သည်။

Watမှတီးတိုးစွာ" မေမေ..."ဟုခေါ်သည်ကိုတော့သူမ မကြားတော့ချေ။

"လုပ်ဦး မြနန်း ၊ သမားတော်ခေါ်ပါဦး"

"ဟုတ် မမကြီး"

"မေမေ..."

"သားငယ်"

"ကိုကြီးကဘာဖြစ်တာလဲ"

"သားငယ်...မင်းကိုကြီးကို လုပ်လိုက်တာလား"

"မဟုတ်ပါဘူး၊ ကျတ်ောဘာမှမလုပ်လိုက်ဘူး။ ကျတော်အခုမှထွက်လာတာ"

"‌ဒါဆို သားလတ်..."

___

"စိတ်မကောင်းပါဘူး မိဖုရားကြီးမာယာ"

"မဖြစ်ရဘူး...မဟုတ်ဘူး"

"မင်းသားကြီးက ဆုံးပါးသွားပါပြီ"

"ဟင့်အင်း..."

ရုပ်သေးရုပ်သဖွယ် ဒူးထောက်လျက်သားပြုတ်ကျသွားတဲ့ မိဖုရားကြီး။ သားတစ်ယောက်ကိုထပ်ဆုံးရှုံးရပြန်ပြီ။ မောင်တော်က ကျွန်မကို ပြဿနာတွေနဲ့ ထားခဲ့ရက်တယ်။

"စိတ်ထိန်းပါဦး မေမေ"

"သားငယ်...မင်းကိုကြီးမရှိတော့ဘူးတဲ့"

"သားသိတယ် မေမေ၊ မေမေစိတ်ထိန်းပါနော်...ကိုကြီးစိတ်ဖြောင့်ဖြောင့်သွားနိုင်မှာပါ"

"‌မယ်တော်က မင်းကိုအခုမှပြန်ရှာတွေ့တာလေ...အခုနောက်တစ်ယောက်ထပ်ထွက်သွားပြီ"

"သားရယ် ကိုလတ်ရယ် ရှိပါသေးတယ် မေမေရယ်"

"ဟင့်အင်း...ကိုလတ်က မင်းကိုသတ်ဖို့ကြံရွယ်ခဲ့တာ အခု မင်းကိုကြီးကိုသတ်တာလဲ သူပဲဖြစ်မယ်"

Married To The Death ManWhere stories live. Discover now