အပိုင်း - ၁၉

4.3K 160 0
                                    

" ဖြန်း "

" ငမိုက်သား မွေးရကျိုးမနပ်တဲ့ကောင် "

ပါးပြင်ထက်ကိုခြေချလာတဲ့လက်ဖဝါးတစ်ဖက်နဲ့အတူအပြစ်တင်တဲ့စကားလုံးတွေကနားထဲကိုကဆုန်ပေါက်တိုးဝင်လာခဲ့၏။နာကျင်စရာတွေကထပ်တူညီနေလေတော့လက်သီးဆုတ်ကာအံကိုသူကြိတ်လိုက်မိသည်။

စူးရဲပြီးအေးစက်လွန်းလှတဲ့အမေ့ရဲ့အကြည့်တွေအောက်မှာသူ့တည်ရှိမှုကအလွန်ကိုပင်သေးသိမ်နေသည်။သူရွေးချယ်ခဲ့မိတဲ့လမ်းကအမှားတစ်ခုမဟုတ်ခဲ့ပေ...။ဘယ်တုန်းကမှလည်းမှားခဲ့တယ်လို့သူတွေးမထင်ခဲ့ဖူးပေ...။သို့သော်မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေမိဘနဲ့သားသမီးမို့အပြစ်သားတစ်ယောက်လိုခေါင်းကိုသူငုံ့ထားမိ၏။

" နင့်ကိုယ်နင်ဘာထင်နေတာလဲ တခို ဟင် ငါ့ကိုဖြေစမ်း နင့်ကိုယ်နင်ဘာထင်နေတာလဲလို့ "

" ဘာ ဘာမှမထင်ပါဘူး အမေ "

သူသည်မိန်းမရှာတစ်ယောက်လည်းမဟုတ်သလို၊ဆန့်ကျင်ဘက်လိင်စိတ်လည်းသူ့မှာမရှိပေ...။သူ့ရဲ့ရင်ခုန်သံတွေနဲ့ထပ်တူညီခဲ့တဲ့တစ်ယောက်သောသူကသူနဲ့မျိုးတူတဲ့ယောက်ျားလေးတစ်ယောက်သာဖြစ်နေတာကလွဲလို့သူသည်ယောက်ျားစစ်စစ်တစ်ယောက်သာဖြစ်ပေ၏။

" နင့်ကိုငါမွေးထားတာယောက်ျားစစ်စစ်ဟဲ့ ယောက်ျားစစ်စစ် ယောက်ျားဆိုတာအဠာရသ(၁၈)ရပ်နဲ့မညီရင်တောင် ယောက်ျားဆိုတဲ့အရည်အသွေးရှိရတယ်ဟဲ့ "

" ဘယ်နှယ့်တော် ကိုယ်နဲ့မျိုးတူတဲ့ယောက်ျားတစ်ယောက်နဲ့မှချစ်ကြိုက်ရတယ်လို့ နင့်အစားငါရှက်လိုက်တာ တခိုရယ် "

" ... "

အမေ့စကားတို့ကြောင့်သူ့ရဲ့မျက်ဝန်းအစုံကဝေ့သီသွားရလေသည်။သူ့အနေနဲ့ချစ်ခြင်းမေတ္တာမှာ'ကန့်သတ်ချက်တွေ၊နယ်နိမိတ်တွေမရှိဘူး'လို့ခံယူထားပေမယ့်သူ့ရဲ့ခံယူချက်ကပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်မနေခဲ့ပေ...။

အထူးသဖြင့်အမေကဒီကိစ္စနဲ့ပတ်သတ်ပြီးအလွန်ကိုခါးခါးသီးသီးဖြစ်နေခြင်းပင်...။ပတ်ဝန်းကျင်ရဲ့အတင်း၊အဖျင်းတွေ၊ထိုးနှက်မှုတွေကိုသူ့အနေနဲ့ခံနိုင်ရည်ရှိသော်လည်းသွေးသားရင်းချာဖြစ်တဲ့အမေကအခုလိုခါးခါးသီးသီးဖြစ်နေတာကတော့တကယ်ကိုသူရင်နာလွန်းလှပါသည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now