အပိုင်း - ၈

5.2K 212 6
                                    

" တခို မင်းကိုဧည့်သည်တစ်ယောက်ကတွေ့ချင်လို့တဲ့ "

" ... "

" အခန်း (၁၀၁) မှာစောင့်နေတယ် "

ဂျာကြီးရဲ့စကားကြောင့်သူ့စိတ်အစုံကဇဝေဇဝါဖြစ်သွားရသည်။သူရှင်သန်နေတဲ့ပတ်ဝန်းကျင်မှာသူ့ကိုတကူးတကလာပြီးတွေ့ရမယ့်လူတစ်ယောက်မှမရှိပေ...။သဲညှာလည်းထိုသို့လုပ်မှာမဟုတ်ပေ...။

ဘယ်သူများပါလိမ့်...။

အတွေးတို့နဲ့ယောက်ယက်ခတ်နေတုန်းခေါင်းထဲမှာရုတ်တရက်စဉ်းစားမိတဲ့အတွေးတစ်စကြောင့်မှုန်ကုတ်နေတဲ့သူ့ရဲ့မျက်နှာကအလိုမကျခြင်းတို့ဖြစ်တည်သွားရ၏။ထိုအတွေးကြောင့်ပဲဝေဝါးနေတဲ့စိတ်တို့ကလည်းပိုပြီးမှုန်မှိုင်းသွားရတော့သည်။

ရပ်ဝန်း...။

ကျစ်...။

ဒီကောင် 'ဘာတွေအဆန်းထွင်နေပြန်ပြီလဲ' မသိပေ...။အလုပ်လုပ်နေတဲ့အချိန်မှာတမင်တကာတွေ့ခွင့်တောင်းတာကတော့အတော့်ကိုတရားလွန်သွားလေပြီ...။

ဘယ်လောက်ပြောပြောစိတ်မှတ်မရှိတဲ့ဒီကောင့်ကိုဒီတစ်ခါတော့မညှာမတာပြောမှဖြစ်တော့မည်။တဖြည်းဖြည်းနဲ့ရပ်ဝန်းရဲ့အပြုအမှုတွေကရဲတင်းလာပြီးသူ့ Personal ကိုပါထိခိုက်လာ၏။

" တောက် "

" ဒုန်း "

" အမယ်လေး "

" လန့်လိုက်တာ တခိုရာ ဖြည်းဖြည်းသက်သာလုပ်ပါဟ "

စိတ်အနှောင့်အယှက်ဖြစ်သွားကြတဲ့လူတွေကိုမတောင်းပန်နိုင်သေးပေ...။အခုချိန်မှာအလုပ်ကြောင့် Pressure တက်နေတဲ့သူ့စိတ်ကတစ်ယောက်သောသူရဲ့ရူးရူးမိုက်မိုက်လုပ်ရပ်ကြောင့်ပိုပြီးငရဲကျနေရသည်။

ရပ်ဝန်း ...။

မင်ကငါ့ရဲ့သည်းခံနိုင်စွမ်းကိုစမ်းသပ်နေတာပဲ...။

🌷🌷🌷

အခန်း(၁၀၁)ရှေ့ကိုရောက်တဲ့အခါလေးစားသမှုနဲ့အသံ(၃)ချက်ပြုလိုက်၏။ပြီးနောက်ထွက်နေတဲ့ဒေါသကို Level တဆင့်ထပ်မြှင့်ကာအခန်းထဲကိုခြေချလိုက်သည်။

အခန်းထဲကိုရောက်တဲ့အခါ'သူ့အတွေးတို့ကလုံးဝကိုမှားသွားပြီ'ဆိုတာသိလိုက်ရသည်။သူ့ကိုတွေ့ချင်တဲ့လူကသူထင်သလို'ရပ်ဝန်း'မဟုတ်ပေ...။အမျိုးသမီးတစ်ယောက်ဖြစ်နေ၏။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now