အပိုင်း - ၆

5.8K 229 1
                                    

" မင်းတို့သူဌေး ရပ်ဝန်းရှိလား "

" ဟုတ်ကဲ့ ရှိပါတယ်ရှင့် Boss က ဧည့်သည်တွေနဲ့အလုပ်ကိစ္စ ..."

စကားပြောလို့တောင်မဆုံးသေးပေ...။ရုတ်တရက်လှည့်ထွက်သွားတဲ့အမျိုးသမီးကြောင့်ဝန်ထမ်းမလေးမှာလှုပ်လှုပ်ရှားရှားဖြစ်သွားရလေတော့သည်။

" အိုး မမခင် မမခင် Boss ရဲ့ရုံးခန်းထဲကိုဝင်သွားလို့မရပါဘူးရှင် Boss က အလုပ်ကိစ္စပြောနေတဲ့အချိန် ဘယ်သူလာလာဝင်ခွင့်မပေးနဲ့လို့မှာထားလို့ပါ "

စကားတွေတတွတ်တွတ်ဆိုရင်းဝန်ထမ်းမလေးကပျိုပျိုခင်ရဲ့အရှေ့မှာအပြေးလေးသွားပိတ်ရပ်လိုက်၏။အ‌ကျိုးသင့်၊အကြောင်းသင့်ပြောပြ၊ဆိုပြနေသော်လည်းဝန်ထမ်းမလေးရဲ့ပုံစံကပျိုပျိုခင်စိတ်ကွက်သွားမှာကိုအတော်လေးစိုးရိမ်နေဟန်...။လက်ပစ်ဗုံးကြီးကိုင်ထားရသလိုမျက်နှာအပျက်ပျက်အယွင်းယွင်းနဲ့ချီတုံ၊ချတုံဖြစ်နေလေသည်။

ဝန်ထမ်းမလေးရဲ့စကားသံအဆုံးအလှတရားတို့စုဆုံနေတဲ့မျက်နှာလေးကအလိုမကျဟန်ပေါ်လွင်သွားလေသည်။ဖြစ်တည်လာတဲ့စိတ်ခံစားချက်တို့ပေါ်လွင်နေစေဖို့အတွက်ပျိုပျိုခင်ကလက်နှစ်ဖက်ကိုဟန်ပါပါပိုက်ပစ်လိုက်သည်။ပြီးနောက်သူ့အရှေ့မှာခေါင်းငုံ့ကာကုတ်ကုတ်လေးရပ်နေတဲ့ဝန်ထမ်းမလေးကိုမနှစ်မြှို့တဲ့အကြည့်တို့နဲ့စူးစူးဝါးဝါးစိုက်ကြည့်ရင်း...

" အဲဒီထဲမှာ ဒို့မပါဘူးထင်တယ် ဒို့နာမည်ကပျိုပျိုခင် ရပ်ဝန်းရဲ့တရားဝင်ဇနီးလောင်း ဒီလောက်ဆိုရင် မင်း ဒို့အရှေ့ကဖယ်သင့်ပြီထင်တယ် "

ပျိုပျိုခင့်စကားကြောင့်ဝန်ထမ်းမလေးမှာဇဝေဇဝါဖြစ်သွားရလေသည်။ရှေ့ဆက်တိုးရကောင်းနိုးနိုး၊နောက်ပဲဆုတ်ရကောင်းနိုးနိုးတွေဝေနေစဉ်မှာပဲပျိုပျိုခင်ကဝန်ထမ်းမလေးကိုတွန်းထုတ်ပြီးထွက်သွားလေတော့သည်။

" မမခင် မမခင် "

အနောက်ကနေတတွတ်တွတ်ခေါ်နေပေမယ့်ပျိုပျိုခင်ကတော့လျှောက်မြဲ၊လျှောက်ဆဲသာ..။ပျံ့လွင့်လာတဲ့ခေါ်ဆိုသံတွေတဖြည်းဖြည်းတိတ်ကျသွားချိန်မှာတော့ခပ်လှလှအပြုံးပန်းတစ်ပွင့်ကပျိုပျိုခင်ရဲ့ပန်းဆီရောင်နှုတ်ခမ်းဖူးလေးထက်မှာဖြစ်ထွန်းသွားလေတော့သည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now