ဇာတ်သိမ်းပိုင်း

7K 158 1
                                    

သတိပြန်ရလာခဲ့ပေမယ့်လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်ရဦးမှာဖြစ်တဲ့အတွက်ကြောင့်ဆရာဝန်ကဆေးရုံမှာရက်အနည်းငယ်လောက်ဆက်ပြီးနေဖို့သူတို့ကိုအကြံပြုလာ၏။ဆရာဝန်ရဲ့အကြံပြုချက်အတိုင်းစစ်ဆေးမှုတွေမပြီးမချင်းသဲညှာကိုဆေးရုံမှာပဲနေစေသည်။ထိုရက်တွေမှာသဲညှာဆီကို‌အလုပ်သွား၊အလုပ်ပြန်သူရောက်ရောက်သွားတတ်သည်။

ပြီးရင်သဲညှာမေ့မြောနေစဉ်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုသဲညှာမပျင်းစေဖို့သူပြန်ပြောပြဖြစ်သည်။သူပြောပြတာတွေကိုနားထောင်ပြီးတစ်ခါတရံဆေးသောက်ချိန်၊ထမင်းစားချိန်ကိုပင်သဲညှာကမေ့နေတတ်၏။

ရာသီဥတုသာယာတဲ့နေ့တွေမှာဆိုရင်သဲညှာကဆေးရုံအပြင်ကိုထွက်ပြီးလေကောင်း၊လေသန့်ထွက်ရှူတတ်၏။အခြေအနေကတဖြည်းဖြည်းနဲ့အကောင်းဘက်ကိုဦးတည်လာပြီမို့သူ့ကိုနေ့စဥ်ရက်ဆက်မလာတော့ဖို့သဲညှာကပြောလာသည်။

သို့နှင့်သူလည်းနှစ်ရက်ခြားတစ်ခါ၊သုံးရက်ခြားတစ်ခါလောက်မှသာသဲညှာဆီကိုသွားတော့၏။အနားမှာအဖော်ပြုဖို့နာစ့်လည်းရှိတဲ့အတွက်သဲညှာကိုသူ့အနေနဲ့အရမ်းကြီးစိတ်ပူစရာမလိုတော့ပေ...။

ဒီအခြေအနေမှာအပျော်ဆုံးလူသားကတော့ရပ်ဝန်းပင်...။အရင်တုန်းကသူ့ရဲ့အချိန်တွေအများစုကိုသဲညှာဆီမှာပဲကုန်ဆုံးနေတတ်တာကြောင့်ရပ်ဝန်းကိုဂရုစိုက်ဖို့သူ့အနေနဲ့အနည်းငယ်လစ်ဟာမှုတွေရှိခဲ့၏။ထိုပျက်ကွက်မှုတွေကိုအခုချိန်မှာအစားထိုးပြီးသူပြန်ပေးဆပ်နေရသည်။

သူ့ကောင်လေးကနေ့စဉ်ရက်ဆက်နေ့နေ့ညညသူ့ကိုပြုစုယုယနေတာကြောင့်ရပ်ဝန်းရဲ့မျက်နှာကအချိန်တိုင်းပြုံးဖြီးနေလေတော့သည်။စိတ်ရှည်သည်းခံတဲ့အကျိုးရလဒ်တွေကိုနောက်ဆုံးတော့သူခံစားရလေပြီ...။

တစ်လတိတိပြည့်တဲ့နေ့မှာတော့သဲညှာကဆေးရုံကဆင်းလေ၏။သဲညှာရဲ့အခြေအနေကလူမမာနဲ့ကိုလုံးဝမတူတော့ပဲလူကောင်းတစ်ယောက်လိုထူထူထောင်ထောင်ဖြစ်နေလေပြီ...။သဲညှာဆေးရုံကဆင်းတဲ့နေ့မှာသူတို့နှစ်ယောက်လုံးဆေးရုံကိုသွားကာလိုအပ်တာတွေကိုကူညီလုပ်ကိုင်ပေးလိုက်ကြသည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Opowieści tętniące życiem. Odkryj je teraz