အပိုင်း - ၇

5.5K 218 3
                                    

အချိန်ကည(၁၀)နာရီခွဲဝန်းကျင်...။

" ဟျောင့် တခို "

" ... "

" ဟိုမှာ မင်းဘဲကြီးအသောက်လွန်ပြီးမှောက်နေပြီကွ "

ခပ်တိုးတိုးလေးဆိုလာပေမယ့်သူ့နားထဲမှာစစ်မင်းရဲ့စကားတွေကိုပီပီသသကြားလိုက်ရ၏။သို့သော်မကြားသလိုသူ‌ဟန်ဆောင်နေမိသည်။ဟန်ဆောင်မှုတွေပီပြင်စေဖို့မြင်နေရတဲ့မလှမ်းမကမ်းကပုံရိပ်လေးကိုတစ်ချက်စွေကြည့်ပြီးကျောခိုင်းပစ်လိုက်သည်။

" ဟျောင့် ငါပြောတာကြားလား "

" အင် "

မပွင့်တပွင့်ပြန်ဖြေရင်းလုပ်စရာရှိတာကိုသူဆက်လုပ်နေလိုက်၏။ထိုအခါစစ်မင်းကသူ့ရဲ့မတုန်မလှုပ်ပုံစံကိုကြည့်ပြီးစိတ်ညစ်သွားပုံရသည်။ဘာစကားမှဆက်မပြောလာတော့ချေ...။

အချိန်ကည(၁၀)နာရီခွဲကျော်လို့(၁၁)နာရီပင်ထိုးတော့မည်။Bar ပိတ်ချိန်ရောက်နေပြီမို့ဧည့်သည်တွေကတဖွဲဖွဲပြန်ကုန်ကြလေပြီ။ထိုအထဲမှာတော့တစ်စုံတစ်ယောက်မပါဝင်ပေ...။

ကြည့်ရတာဆိုင်ပိတ်တဲ့အထိတစ်ယောက်မှလာခေါ်မယ့်ပုံမပေါ်ပေ...။

သူ့စကားကိုအလေးမထားတဲ့ဒီလူကိုလျစ်လျူရှုထားဖို့ဦးနှောက်ကသတိပေးနေပေမယ့်တကယ်လက်တွေ့မှာတော့ထိုသို့မဟုတ်ခဲ့ပေ...။မသိစိတ်ရဲ့စေ့ဆော်မှုအရ(၁)မိနစ်ကို(၁)ကြိမ်နှုန်းနဲ့သူ့ရဲ့အလုံးစုံကအမူးသမားဆီကိုရောက်ရောက်သွားတတ်လေ၏။

မူးရူးကွဲပြဲနေတဲ့ရပ်ဝန်းကြောင့်အလုပ်လုပ်ရတာသူစိတ်မဖြောင့်တော့ပေ။သို့နှင့်လုပ်လက်စအလုပ်ကိုကမန်းကတန်းလက်စသတ်လိုက်ပြီး‌...

" စစ်မင်း ဂျာကြီးကိုပြောလိုက် ငါပြန်သွားပြီလို့ "

🌷🌷

" အား လေးလိုက်တာ "

သူ့ကိုယ်ပေါ်ကိုအလုံးစုံမှီတင်ထားတဲ့အမူးသမားကိုကုတင်ထက်ဆီသူတွန်းချလိုက်သည်။လေးလံမှုတို့ကင်းမဲ့သွားတော့မှပဲအသက်ကိုဝဝလင်လင်ရှူနိုင်တော့သည်။မြေညီထပ်ကနေခြောက်လွှာကိုရောက်တဲ့အထိမရပ်မနားတွဲတင်လာခဲ့ရတာကြောင့်လူကမဟန်တော့ပေ...။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now