အပိုင်း - ၁၄

5.8K 240 1
                                    

နန်းတော်ကြီးတမျှကြီးကျယ်ခမ်းနားလှပတဲ့တိုက်အိမ်ကြီးကိုကြည့်ရင်းသူ့စိတ်အစုံကဇဝေဇဝါဖြစ်သွားရလေသည်။

သူ့ကိုရပ်ဝန်းပေးတဲ့လိပ်စာကဒီတိုက်ကြီးရဲ့လိပ်စာပဲ...။

ဟုတ်ပါ့မလား...။

ခေါင်းထဲဝင်လာတဲ့မရေရာမှုကြောင့်အနီးအနားပတ်ဝန်းကျင်ကိုဝေ့ဝဲကာသူကြည့်လိုက်မိသည်။ပတ်ဝန်းကျင်တစ်ခွင်လုံးကတိတ်ဆိတ်ငြိမ်သတ်လွန်းနေသည်။ခွေးဟောင်သံတောင်မှသူမကြားရပေ...။ပြီးတော့အဆောက်အဦးတွေကအားလုံးတစ်ပုံစံတွေချည်းသာ...။

သူ့ရဲ့မသိစိတ်ထဲမှာထင်မြင်နေတဲ့အဆောက်အဦးလိုပုံစံမျိုးကဒီပတ်ဝန်းကျင်မှာလုံးဝရှိမနေပေ...။

သူပဲအမှတ်မှားနေတာများလား...။

ဒါမှမဟုတ်...။

ရပ်ကွက်ပဲမှားနေတာလား...။

ဝေဝါးနေတဲ့စိတ်တို့ကြောင့်ခြံတံခါးဝမှာရေးထားတဲ့လိပ်စာကိုသူလှမ်းကာကြည့်လိုက်၏။သူ့ကိုရပ်ဝန်းပေးတာဒီလိပ်စာပဲဖြစ်သည်။သူအမှတ်မမှားပေ...။

ဒါ ဒါဆို...။

ရပ်ဝန်းက...။

လခွမ်း...။

ဆက်ပြီးမတွေးနိုင်လောက်အောင်ပဲသူအံ့ဩမင်သက်နေမိသည်။အခုချိန်မှာသူ့စိတ်အစုံကဝေဝါးခြင်းတို့ပျောက်ကွယ်ကာမယုံကြည်နိုင်တဲ့အံ့ဩဆွံ့ခြင်းတို့သာကြီးစိုးနေခြင်းပင်...။

ဒီသုံးထပ်တိုက်ကြီးကရပ်ဝန်းရဲ့အိမ်တဲ့လား...။

ရပ်ဝန်းပိုင်တဲ့အရာတဲ့လား...။

ရပ်ဝန်းကဒီ‌လိုနေရာမျိုးမှာနေတာတဲ့လား...။

သူ့အနေနဲ့'ရပ်ဝန်းကအခြေအနေတစ်ခုမှာရပ်တည်နေနိုင်ပြီ'ဆိုတာသိပေမယ့်ဒီအနေအထားလောက်အထိကိုတော့မမျှော်လင့်ထားမိတာအမှန်ပင်...။

(၁၀)နှစ်အတောအတွင်းမှာရပ်ဝန်းကဒီအခြေအနေထိရောက်အောင်ကြိုးစားခဲ့သည်ပဲ...။သူနဲ့ဝေးကွာတဲ့အချိန်တွေမှာအလုပ်တွေကိုအရမ်းကြိုးစားခဲ့ပုံရသည်။

လမ်းခွဲခဲ့စဉ်တုန်းကသူပြောခဲ့တဲ့'ဂုဏ်မရှိ၊ငွေမရှိ'ဆိုတဲ့စကားကရပ်ဝန်းကိုဒီဘဝရောက်အောင်ပြောင်းလဲပေးလိုက်သည်ထင်ပါရဲ့...။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now