အပိုင်း - ၉

5K 213 11
                                    

တစ်ကိုယ်ရည်အတွေးတွေနဲ့တစ်ကမ္ဘာတည်နေတုန်းသူ့လက်တစ်ဖက်ကတစ်စုံတစ်ယောက်ရဲ့ဆုပ်ကိုင်ခြင်းကိုခံလိုက်ရ၏။ရုတ်တရက်ဆန်ပေမယ့်'ဘယ်သူလဲ'ဆိုတာနှစ်ခါပြန်ပြီးစဉ်းစားဖို့မလိုအပ်တော့လောက်အောင်သိနေတာမို့ဆုပ်ကိုင်ခြင်းခံထားရတဲ့သူ့လက်ကိုတစ်စုံတစ်ယောက်ရဲ့လက်ထဲကနေအားနဲ့ဆောင့်ရုန်းထွက်လိုက်သည်။

" တခို "

" ငါ့အနောက်ကိုဆက်မလိုက်နဲ့တော့လို့ငါပြောနေတယ်လေ ရပ်ဝန်း  မင်း လူစကားနားမလည်ဘူးလား "

" နားမလည်ဘူး မင်းနဲ့ပတ်သတ်ရင်ငါဘာကိုမှနားမလည်ဘူး "

ရပ်ဝန်းရဲ့တုံ့ပြန်စကားအဆုံးဘေးပတ်ဝန်းကျင်ကိုဝေ့ဝဲကာသူကြည့်လိုက်မိသည်။နှစ်ယောက်ကြားကအခြေအနေကိုအကျယ်ကျယ်မဖြစ်စေဖို့ထွက်နေတဲ့ဒေါသကိုဖျစ်ညှစ်မြိုသိပ်ပြီးတိတ်တဆိတ်ဖြေရှင်ဖို့သူ့ဘက်ကလုပ်ဆောင်လိုက်ပေမယ့်ရပ်ဝန်းကတော့ထိုသို့မဟုတ်ပေ...။သည်နေရာမှာသူတို့နှစ်ယောက်တည်းရှိသလိုမျိုးအထာနဲ့စကားကိုပြောနေ၊ဆိုနေ၏။

အခုသူတို့နှစ်ယောက်ကလူစည်ကားတဲ့လမ်းမကြီးတစ်ခုထက်မှာရှိနေကြခြင်းပင်...။အနီးအနားမှာလည်းလူတွေကလေး၊ငါး၊ဆယ်ယောက်‌လောက်ရှိနေ၏။ဒီလိုလူမြင်ကွင်းကြီးမှာလက်ရဲ၊ဇက်ရဲနိုင်လွန်းလှတဲ့ရပ်ဝန်းကိုဆလံလည်းသ,မိသလို၊ဒေါသလည်းထွက်မိပါသည်။

တစ်ဖက်သားရဲ့စိတ်ခံစားချက်ကိုထည့်မတွက်ပဲလုပ်ချင်ရာလုပ်တတ်တဲ့ဒီလိုလူဆိုးကောင်ကိုသူဘယ်လိုအပြစ်ပေးသင့်သနည်း။

ရပ်ဝန်းကအခြေအနေနဲ့အချိန်အခါကိုလျစ်လျူရှုပြီးစိတ်ခံစားချက်တစ်ခုတည်းကိုသာရှေးရှုနေခြင်းပင်...။ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တဲ့သူ့အဖို့ဒီအခြေအနေကလုံးဝကိုစိတ်ဒုက္ခအကြီးအကျယ်ဖြစ်စေ၏။

အခုလည်းကြည့်...။

သူတို့နှစ်ယောက်စကားအချေအတင်ပြောနေကြတာကိုပတ်ဝန်းကျင်ကသတိထားမိသွားပုံရသည်။အနီးအနားမှာရှိတဲ့လူတွေကသူတို့နှစ်ယောက်ကိုသိသိသာသာတစ်ဖုံ၊မသိမသာတစ်ဖုံကွက်ကြည့်၊ကွက်ကြည့်လုပ်နေကြလေပြီ...။ဒီအခိုက်အတန့်ကသူ့ကိုယောက်ျားတန်မဲ့ခြေဖျား၊လက်ဖျားတွေအေးစက်သွားစေ၏။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Wo Geschichten leben. Entdecke jetzt