အပိုင်း - ၃

6.7K 282 5
                                    

Duty ဝင်ဖို့ Uniform လဲနေတုန်းမန်နေဂျာကိုစိုးကသူ့အနားကိုခြေလှမ်းကျဲကြီးတွေနဲ့လျှောက်လာလေသည်။ကိုစိုးရဲ့ပုံစံကအရမ်းကိုဗျာများနေဟန်...။

" နောက်ကျလိုက်တာ တခိုရာ ငါကမင်းကိုမျှော်နေတာကွ "

ဂျာကြီးရဲ့စကားကြောင့်အနီးအနားကတိုင်ကပ်နာရီကိုသူလှမ်းကာကြည့်လိုက်မိသည်။Duty ချိန်က (၃) နာရီမှစမှာဆိုပေမယ့်အခုမှအချိန်က (၂:၅၅) သာရှိသေးသည်။(၅)မိနစ်တောင်လိုနေသေး၏။

" (၅)မိနစ်လိုသေးတယ် "

တိုင်ကပ်နာရီဆီလက်ညှိုးထိုပြလိုက်တော့မန်နေဂျာကိုစိုးကသူ့စကားကြောင့်အကြီးအကျယ်စိတ်ညစ်သွားပုံရသည်။

ဟိုဟိုဒီဒီဝေ့ဝဲကာကြည့်ရင်း‌နဲ့ခေါင်းကိုအားပါးတရကုတ်လေတော့သည်။ရာထူး Level ချင်းကွာပေမယ့်လည်းလုပ်သက်ချင်းကတူညီလေတော့သူတို့နှစ်ယောက်ကြားမှာဒီလိုအခြေအနေကမကြာခဏဖြစ်ပေါ်လေ၏။

" ထားပါ "

" ... "

" အခန်း( ၁၀၁ ) မှာ VIP တွေရောက်နေတယ် အဲဒီဝိုင်းကိုမင်းတာဝန်ယူလိုက်"

" ဟုတ်ပြီ "

" နည်းနည်းပါးပါးဝိုင်ကူခိုင်းလို့ရအောင် စစ်မင်းနဲ့ဝန်ထမ်းကောင်လေးတစ်ယောက်ပါ ခေါ်သွား "

လိုအပ်တွေမှာကြားပြီးတာနဲ့မန်နေဂျာကိုစိုးကသူ့ရဲ့မူပိုင်စတိုင်လ်ဖြစ်တဲ့ခြေလှမ်းကျဲကြီးတွေနဲ့တခို့အနားကနေထွက်သွားလေတော့၏။သို့သော်လမ်းတစ်ဝက်ကိုရောက်တဲ့အခါတစ်ခုခုကိုသတိရသွားဟန်ဖြင့်လှမ်းနေတဲ့ခြေလှမ်းတွေကိုနောက်ကြောင်းပြန်လှည့်လာသည်။

" ငါ စိတ်ချမယ်နော် တခို ငါကြားတာတော့အဲဒီအထဲမှာအကောင်ကြီးကြီး၊အမြီးရှည်ရှည်ပါတယ်တဲ့ "

" ... "

" ဂရုစိုက်ဦး "

" ကောင်းပြီ "

မန်နေဂျာထွက်သွားပြီးသိပ်မကြာခင်မှာပဲသူလည်း Uniform လဲလို့ပြီးသွားလေသည်။အချိန်ကိုကြည့်လိုက်တော့(၃)နာရီ...။ Duty ချိန်ရောက်နေပြီမို့စစ်မင်းနဲ့ဝန်ထမ်းကောင်လေးတစ်ယောက်ကိုခေါ်ပြီးအခန်း(၁၀၁)ဆီသူထွက်လာခဲ့လိုက်သည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Onde histórias criam vida. Descubra agora