အပိုင်း - ၁၂

4.7K 197 7
                                    

" ခွပ် "

မျက်နှာထက်ဆီရုတ်တရက်ပစ်ဝင်လာတဲ့လက်သီးချက်ကြောင့်အနောက်ကိုခြေနှစ်လှမ်းမျှဆုတ်သွားရသည်။ယိုင်ကျသွားတဲ့ခန္ဓာကိုယ်ကိုပြန်ထိန်းရင်းတခို့ကိုတအံ့တဩသူကြည့်လိုက်မိသည်။တခိုကအရမ်းကိုဒေါသထွက်နေဟန်...။မျက်နှာကပေါက်ထွက်တော့မတတ်နီရဲတင်းမာနေပြီးဒေါသကြောင့်ခန္ဓာကိုယ်ကတဆက်ဆက်တုန်ရီလို့နေသည်။

တခို အခုလိုဒေါသထွက်နေတာမျိုးတကြိမ်တခါမှသူမတွေ့ဖူး၊မမြင်ဖူးပေ...။သူသိပ်ချစ်ရတဲ့တခိုကဒေါသထွက်လေတိုင်းချစ်စရာခွေးပေါက်လေးတစ်ကောင်လိုသာပြုမူတတ်၏။

အခုမှသာ...။

'တွေ့ကြရအောင်'လို့ချိန်းဆိုလိုက်တာကအခုလိုရက်ရက်စက်စက်ပြုမူဖို့အတွက်များလား...။

" မင်း ငါ့ကိုမကျေနပ်တာတစ်ခုခုရှိလို့လား တခို "

နှုတ်ခမ်းထောင့်စွန်းမှာစီးကျနေတဲ့သွေးစက်တို့ကိုလက်ခုံနဲ့ပွတ်သုတ်ရင်းတခို့ကိုအမေးစကားသူဆိုလိုက်သည်။ရင်ထဲမှာတော့တခိုရဲ့အပြုအမူနဲ့ပတ်သတ်ပြီးအံ့ဩခြင်း၊နာကျင်ခြင်းတို့ကတစ်စတစ်စပေါက်ဖွားလာခဲ့၏။တခိုနဲ့ပတ်သတ်လို့ရှိရင်သူ့ရဲ့နှလုံးသားကရှင်သန်ပေါက်ဖွားခါစရွက်သစ်နုလေးတစ်ပွင့်လိုနူညံ့ပြီးထိလွယ်၊ရှလွယ်ဖြစ်တတ်လွန်းသည်။

" အေး မကျေနပ်တာတွေကတော့အများကြီးပဲဒါပေမဲ့ ငါမင်းကိုလိုရင်းပဲပြောမယ် "

" မင်းဘာသာမင်းဘယ်လိုအကြောင်းပြချက်မျိုးနဲ့ပဲဒီကိုလာလာ ဒါငါ့ကိစ္စမဟုတ်ဘူး၊ငါနဲ့လည်းမဆိုင်ဘူး၊စိတ်လည်းမဝင်စားဘူး အေး ဒါပေမဲ့ ငါနဲ့တော့ကင်းကင်းရှင်းရှင်းနေ "

" တခြားလူတွေသို့လော၊သို့လောထင်မြင်နိုင်တဲ့အပြုအမူမျိုးငါ့ကိုလာမလုပ်နဲ့ "

တခို့ရဲ့အကြည့်တို့ကအေးစက်ပြီးစူးရဲနေ၏။နူညံ့ခြင်းကင်းဝေးတဲ့ထိုအေးစက်စက်အကြည့်တို့ကနေဆင်းသက်ပေါက်ဖွားလာတဲ့စကားလုံးတွေကဓားတစ်စင်းလိုသူ့နှလုံးသားကိုထုတ်ချင်းဖောက်ကာပစ်ခွင်းလေသည်။ခံနိုင်ရည်မရှိတော့တဲ့အဆုံးလက်နှစ်ဖက်ကိုခပ်တင်းတင်းလေးသူဆုပ်လိုက်မိတော့သည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now