အပိုင်း - ၁၆

5.2K 203 11
                                    


အခြားသူတစ်ယောက်နဲ့ရယ်ရယ်မောမောစကားဆိုနေလေတဲ့တစ်ယောက်သောသူကိုငေးစိုက်ကာသူကြည့်နေမိသည်။ကြည့်နေရင်းနဲ့သူ့ရင်ထဲမှာထိုတစ်စုံတစ်ယောက်နဲ့ပတ်သတ်ပြီးရွံရှာမုန်းတီးခြင်းတို့ကအမျိုးစုံကြိုးခုန်လျှက်ရှိ၏။

ခံစားချက်တွေဖြေသိမ့်ဖို့အတွက်လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ပြီးနှုတ်ခမ်းကိုပြတ်ထွက်မတတ်သူကိုက်လိုက်မိသည်။သို့သော်အချည်းနှီးသာ...။တစ်စုံတစ်ယောက်ရဲ့မျက်နှာကိုမြင်နေရလေတိုင်းရင်ထဲမှာအုံဖွဲ့နေတဲ့ခံစားမှုတို့ကဘယ်သောအခါမှကွယ်ပျောက်မည်မဟုတ်ပေ...။

သူ့ဘဝ၊သူ့အရှက်သိက္ခာ၊သူ့ရဲ့ကိုယ်ကျင့်တရား...။

အရာအားလုံးကဘာတစ်ခုမှရစရာမရှိအောင်နင်းခြေဖျက်ဆီးခံလိုက်ရလေပြီ...။ထိုသို့ဖြစ်ရခြင်းကသူ့မျက်စိအရှေ့မှာရှိနေတဲ့တစ်စုံတစ်ယောက်ရဲ့ပယောဂကြောင့်ဆိုတာမှားမယ်မထင်ပေ...။

တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့သူ့ရဲ့အရာအားလုံးကိုထိုသူကစိတ်ခံစားမှုတစ်ခုအတွက်နဲ့မိုက်ရူးရဲဆန်စွာဖျက်ဆီးပစ်လိုက်ခြင်းပင်...။

မျက်စိရှေ့ကလူကိုအချိန်အတော်ကြာငေးကြည့်ပြီးတဲ့နောက်လှုပ်ရှားခြင်းကင်းမဲ့နေတဲ့ခြေလှမ်းတို့ကိုထိုလူ့အနားဆီဦးတည်လျှောက်လှမ်းလိုက်သည်။ခြေတစ်လှမ်း,လှမ်းတိုင်းဖြစ်တည်ခဲ့တဲ့ပုံရိပ်အချို့ကဦးနှောက်ထဲမှာအနှေးပြကွက်တစ်ခုလိုတရိပ်ရိပ်နဲ့ထင်ဟပ်လာခဲ့သည်။

' ဥပဒေရဲ့လုပ်ထုံး၊လုပ်နည်းတွေအတိုင်း ဦးလေးတို့လုပ်ဆောင်ခဲ့ပြီးပါပြီ '

' လုံခြုံရေးတွေပါမကျန်၊ဆိုင်မှာရှိကြတဲ့ဝန်ထမ်းတွေအကုန်လုံးကိုစစ်မေးကြည့်တဲ့အခါ ကနဦးသုံးသပ်ချက်အနေနဲ့အဓိကတရားခံက,ကလေးမ,မဟုတ်ဘူးဆိုတဲ့အဖြေထွက်လာပါတယ် '

' ထပ်မံစစ်ဆေးကြည့်တော့မှလုံခြုံရေးဝန်ထမ်းတစ်ယောက်ကသူလုပ်တာပါလို့ဝန်ခံလာပါတယ် '

' တစ်စုံတစ်ယောက်ကခိုင်းလို့သူလုပ်ရတာပါတဲ့ '

' ဘယ်သူကခိုင်းလဲဆိုတာ ဦးလေးတို့သိပြီးပါပြီ ဒါပေမဲ့ ဦးလေးတို့လျှို့ဝှက်ထားရပါလိမ့်မယ် '

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now