အပိုင်း - ၂၂

5.4K 154 2
                                    

" ဝုန်း "

ရုတ်တရက်တွန်းချခံလိုက်ရတာကြောင့်မွေ့ယာပေါ်ကိုအရှိန်နဲ့သူပစ်လဲကျသွားရတော့သည်။နာကျင်မှုမရှိပေမယ့်ရုတ်တရက်မို့သူကြောင်အ,နေမိသည်။ထိုအခိုက်ရပ်ဝန်းကဝတ်ထားတဲ့အင်္ကျီကိုဆွဲချွတ်ပြီးသူ့ကိုအုံ့မိုးလာ၏။

ဒီအခြေအနေက'ဘယ်အရပ်ကိုဦးတည်နေလဲ'ဆိုတာ(၂)ခါပြန်ပြီးစဉ်းစားဖို့တောင်မလိုအပ်ပေ...။သို့နှင့်နောက်ပြန်ထောက်ထားမိတဲ့လက်နှစ်ဖက်ကိုရုတ်ပြီးသူအိပ်ချလိုက်၏။ဒီအခြေအနေကသူတို့နှစ်ဦးကြားမှာပိုပြီးအံဝင်ခွင်ကျဖြစ်သွားစေသည်။

ရပ်ဝန်းရဲ့အကြည့်တို့ကညှို့ဓာတ်အပြည့်နဲ့ရီဝေပြီးစူးရဲလွန်းနေသည်။ပုံမှန်ထက်မြန်နှုန်းမြင့်နေတဲ့ဝင်သက်၊ထွက်သက်နွေးနွေးလေးကတခုခုကိုလိုချင်တောင့်တနေဟန်...။ရေသေတစ်ခုလိုတည်ငြိမ်နေတဲ့ရပ်ဝန်းရဲ့အကြည့်တို့အောက်မှာသူ့ရဲ့ရင်ခုန်သံတွေကတဖြည်းဖြည်းစည်းချက်မဲ့လာ၏။

" မင်းကြောင့် မောင် ဒီနေ့ဘယ်လောက်တောင်စိတ်လှုပ်ရှားခဲ့ရလဲဆိုတာ မင်းသိလား "

ရပ်ဝန်းရဲ့စကားကြောင့်တခုတ်တရသူပြုံးလိုက်မိတော့သည်။အနမ်းတစ်ပွင့်နဲ့ချစ်စကားတစ်ခွန်းအတွက်ရပ်ဝန်းကသူခံစားခဲ့ရသမျှကိုထုချေလွှာတင်နေခြင်းပင်...။

" အဲဒီတော့ "

" မလိမ္မာတဲ့မင်းကို မောင် အပြစ်ပေးရလိမ့်မယ် "

" အဟား "

ပြောပြောဆိုဆိုရပ်ဝန်းကသူ့အင်္ကျီကိုအားနဲ့ဆွဲဖြဲပစ်လိုက်သည်။ထိုလုပ်ရပ်ကြောင့်သူ့မှာစက္ကန့်ပိုင်းလောက်ကြောင့်အ,သွားရသည်။သူ့ရဲ့ချစ်သူလူဆိုးကြီးကမုန်ယိုနေတဲ့ဆင်တစ်ကောင်ဖြစ်နေလေပြီ...။အင်္ကျီချွတ်ဖို့ကိုပင်အချိန်မပေးနိုင်တော့ပဲအသည်းအသန်ခဲမှန်နေတဲ့ရပ်ဝန်းကိုနောက်ဆုံးမှာတော့သူလက်မြောက်အရှုံးပေးလိုက်ရတော့သည်။

သူ့ကိုယ်ပေါ်မှာရှိတဲ့အဝတ်အစားတွေကိုတစ်ခုမကျန်ဆွဲချွတ်၊ဆွဲဖြဲနေတဲ့ရပ်ဝန်းကိုလက်နှစ်ဖက်ကိုခေါင်းခုအိပ်ရင်းပြုံးပြုံးကြီးသူစိုက်ကြည့်နေမိသည်။သူ့ပုံစံကြောင့်ရပ်ဝန်းရဲ့အပြုအမူကပိုပြီးအရိုင်းဆန်လာခဲ့‌လေသည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Место, где живут истории. Откройте их для себя