လော့ချယ်က သူ့အဖေရဲ့နှလုံးကို ပြေလျော့စေဖို့ သူမနဲ့တွဲခဲ့တာပဲ။ဒါမှ သူ့အဖေမသေဆုံးခင် သူ့ချွေးမကို တချက်ကြည့်ရှုနိုင်မှာပါ။ သူ့အဖေကို စိတ်ချမ်းသာစေဖို့အတွက် ကောင်မလေးရှာခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမကြောင့်နဲ့ သူက သူ့အဖေကို တစ်လ ဒါမှမဟုတ် နှစ်လအောက်သာ အသက်ရှင်စေနိုင်ခဲ့တယ်။

လော့ချယ်ရဲ့ဖခင်က မူလပိုင်ရှင်နဲ့ပတ်သက်ပြီး အရမ်းဒေါသထွက်ခဲ့ပြီး သူက မူလပိုင်ရှင်ကြောင့် ဒေါသထွက်ခဲ့ရတယ်လို့ ဆိုနိုင်တယ်။ ပြီးတော့ ဒါက လော့ချယ် ကုမိသားစုကို နောက်ပိုင်းမှာ ဘာကြောင့်နင်းချေရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ခဲ့တယ်။

ကုမျန်က ဇာတ်ကြောင်းကိုတွေးမိသွားတဲ့အခါ အနည်းငယ်ဝမ်းနည်းသွားတယ်။ တကယ်တော့ မူလပိုင်ရှင်က ဆိုးရွားဟန်မရှိပါဘူး၊ အဲ့ဒါက သူမရဲ့ စိတ်နေစိတ်ထားက နည်းနည်းမောက်မာ၀င့်ကြွားတတ်ပြီး အေးစက်ကာ အတ္တနည်းနည်းကြီးတတ်ရုံပါပဲ။ သူမက အပေါ်ယံမှာ ယဉ်ကျေးသိမ်မွေ့စွာပြုမူနိုင်ခြင်း မရှိသလို လူတွေ သူမကို နှစ်သက်အောင်လည်း မလုပ်နိုင်ဘူး။ သူမက လူတွေကို ဒေါသထွက်စေတဲ့စကားတွေကိုပဲ အမြဲပြောလေ့ရှိတယ်။

လော့ချယ်က သူမကို သူ့မိဘတွေနဲ့ တွေ့စေချင်တယ်၊ မူလပိုင်ရှင်လိုမျိုး သူမ သူတို့ကို တကယ်ကြီး ဒေါသမထွက်စေနိုင်လောက်ဘူးမလား။

"ဒီရက်ပိုင်း မင်းမှာ အချိန်ရှိလား"

ကုမျန်က အထစ်ထစ်အငေါ့ငေါ့နဲ့"ကျွန်မ... ဒါက အရမ်းမြန်လွန်းတယ်"

လော့ချယ်က မျက်လွှာချလိုက်ပြီး "မင်းကို ကိုယ့်မိဘတွေနဲ့ ပေးတွေ့တာက နည်းနည်းမြန်တယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမယ့် ကိုယ့်အဖေက မင်းကို အရမ်းတွေ့ချင်နေတာ"

ကုမျန်က တကယ်ကို မပျော်ရွှင်နေဘူး။ "ကျွန်မ မရနိုင်..." သွားလို့။ သူမနောက်ဆုံးစကားမပြောရသေးခင်၊ ကုမျန် မိုးကြိုးပစ်ခံလိုက်ရတယ်။

ကုမျန်က နာကျင်မှုကြောင့် ခဏလောက် စကားတောင် မပြောနိုင်ခဲ့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Donde viven las historias. Descúbrelo ahora