ဒါပေမယ့် သူမကတော့ မတူဘူး။ သူမက  မကြောက်တတ်ဘူး။ ဒါကြောင့် ဘာကိုမဆို ပြောရဲတယ်။

သူမ အဲ့လိုပြောတုန်းကတော့ မှားတယ်လို့ ကုမျန်မခံစားရဘူး။ ဒါပေမယ့် လော့ချယ်ဆီကနေ သူမပြောခဲ့တာကို ပြန်ကြားလိုက်ရတော့ ဘာလို့ နည်းနည်းရှက်တယ်လို့ ခံစားရတာလဲ။

"မဟုတ်ဘူးလား?" ကုမျန်ရဲ့ တုံ့ပြန်မှုကို မစောင့်ဘဲ လော့ချယ်က မျက်လုံးအနည်းငယ်ပင့်ပြီး မေးလာတယ်။

"...ဟုတ်တယ်"

အရင်ကသူမပြောခဲ့တာကို ငြင်းနေစရာ မလိုသလို သူမကလည်း မပြောရဲတဲ့သူတစ်ယောက်မဟုတ်တာကြောင့် ကုမျန်က နှုတ်ခမ်းဟပြီး ဝန်ခံခဲ့တယ်။

လော့ချယ်ရဲ့မျက်တောင်ရှည်လေးတွေက အနည်းငယ် ညွတ်ကျသွားပြီး သူ့ရဲ့အေးစက်စက်မျက်နှာက နွေးထွေးတဲ့ အလင်းရောင်အောက်မှာ နွေးထွေးသွားပုံပေါ်တယ်၊ "ဒါဆို လွန်ခဲ့တဲ့နှစ်ရက်မှာ မင်း ကိုယ့်ကို ဘာလို့ မဆက်သွယ်ရတာလဲ"

"........"

ဘာကြောင့်လဲဆိုတော့ လော့ချယ်နဲ့ အနှေးနဲ့အမြန် လမ်းခွဲရမှာပဲလို့ ကုမျန်က စိတ်ထဲမှာတွေးထားခဲ့ပြီး ပထမအကြိမ်လမ်းမခွဲခင် တစ်လနှစ်လလောက်သာ လိုတော့တာကြောင့်ဖြစ်တယ်။

တစ်လ ဒါမှမဟုတ် နှစ်လက လျင်မြန်စွာ ကုန်လွန်သွားမှာဖြစ်တာကြောင့် သူမက လော့ချယ်ကို သူမရဲ့ချစ်သူကောင်လေးအဖြစ် အမှန်တကယ် မမှတ်ယူခဲ့ပေ။ ကုအိမ်ကို ပြန်ရောက်ပြီးနောက် သူမက လော့ချယ်ကို နောက်မှာ လုံးဝချန်ရစ်ထားလိုက်တော့တယ် ။စတူဒီယိုမှာ သူနဲ့ပြန်တွေ့တဲ့အချိန်အထိ ဒီလူအကြောင်းကို သူမထပ်မတွေးမိခဲ့ဘူး။ဒါပေမယ့် လော့ချယ်ဆီကနေ ဒီလိုစကားမျိုးကို သူမကြားရလိမ့်မယ်လို့ ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ပေ။

အစကတည်းက သူတို့နှစ်ယောက်က အတုအယောင်စုံတွဲပဲလို့ သူမအမြဲတွေးခဲ့တယ်။

ဒါပေမယ့် လော့ချယ်ကတော့ မတူဘူး။

သူ့အမြင်အရ၊ သူမက သူ့ကိုလိုက်လံပိုးပမ်းဖို့ တက်တက်ကြွကြွဝန်ခံခဲ့သူဖြစ်တယ်။ သူမက မီဒီယာတွေရှေ့မှာတောင် သူ့အတွက် ရိုက်ကူးရေးအဖွဲ့ထဲပါဝင်ခဲ့ကြောင်း ထင်ထင်ပေါ်ပေါ်ထွက်ဆိုချက်တစ်ခု လုပ်ခဲ့သေးတယ်။ ချန်းရှန်ဇာတ်ကောင်က သူမကို ဒေါသထွက်စေတဲ့အတွက် သူ့ကို ကြိမ်းမောင်းခဲ့တယ်။ ရုပ်ရှင်ရိုက်တုန်းက ရေထဲမှာ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတာကြောင့် သူနဲ့နီးစပ်ဖို့ တမင်သက်သက်လုပ်ခဲ့တာလို့ တခြားသူတွေကို ထင်မြင်စေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now