အင်တာနက် စွဲလမ်းနေသူတစ်ဦးဖြစ်သည့် အန်းရှအတွက် အချိန်ကုန်လွန်မှုသည် မြန်ဆန်လှလေသည်။

သူမ၏ရှေ့မှောက်သို့ ချန်ရွှယ်မင် ရောက်ရှိလာသောအခါမှ အချိန်များစွာ ကုန်လွန်သွားမှုကို သတိပြုမိလေသည်။

ထိုနေ့တွင် သူတို့သည် ရှုန်ထျန်း အိမ်ခြံမြေကုမ္ပဏီကို ရယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ကြလေသည်။

"ရှရှ... ရှုန်ထျန်း အိမ်ခြံမြေကုမ္ပဏီကိစ္စကို ငါတို့တာဝန်ထားလိုက်။ နင် မဖြစ်မနေ လာကြည့်စရာလည်း မလိုဘူး။ ငါ ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားတယ်။ အဲဒီအချိန်ကျရင် နင်လုပ်ပေးရမှာက လက်မှတ်ထိုးဖို့ပဲ..."

ချန်ရွှယ်မင်သည် အန်းရှကို လာခေါ်ချိန်တွင် သူမသူငယ်ချင်း၏ အနေအထားကို သတိမထားမိချေ။

မြို့ပေါ်တွင် သူမနှင့် နောက်ဆုံးတွေဆုံချိန်၌ သူမ၏သူငယ်ချင်းသည် မျက်တွင်းများပင် ချောင်ကျနေသည်မှာ သိသာထင်ရှားလှလေသည်။

သူမနှင့် မတွေ့ဆုံခဲ့ရသည့် တစ်လအတွင်းတွင်ပင် သူငယ်ချင်းဖြစ်သူသည် လန်းဆန်းတတ်ကြွလို့နေသည်။ သူမသည် အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ် လူငယ်လေးကဲ့သို့ပင် သိမ်မွေ့နူးညံ့၍ ချောမောလှပနေလေသည်။

"ဟုတ်ပြီ။ ကျေးဇူးပါပဲ မင်မင်..."

အန်းရှသည် ချန်ရွှယ်မင်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက်လေသည်။ သူမ၏ စိတ်ထဲတွင်တော့ မင်မင်သည် အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသော သန်မာသော အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ထားလေသည်။

သူမသည် လေးစား အားကျစရာကောင်းသော စိတ်ဓာတ်ကြံ့ခိုင်သည့် မိန်းမတစ်ယောက်ဖြစ်သည်။

ချန်ရွှယ်မင်သည် အန်းရှ၏ ချစ်ခင်မြတ်နိုးနေသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ရယ်ချင်မိသွားလေသည်။

အမှန်တကယ်တွင် အဆင့် ၁၈ တွင်ရှိနေသော မြို့တစ်မြို့မှ မကျယ်ဝန်းလှသော ရှုန်ထျန်းကဲ့သို့ အိမ်ခြံမြေကုမ္ပဏီကို ရယူခြင်းမှာ သူတို့အတွက်တော့ ဘာမျှမပြောပလောက်ပေ။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now