Part26

644 38 3
                                    

###Unicode###

နောက်တစ်နေရာကတော့ Asos village တဲ့  ကျွန်မအဲ့နေရာကိုမရောက်ဖူးပေမဲ့ အရမ်းလှတယ်ပြောကြတယ် အခုလဲရောက်ဖို့အနည်းငယ်ပဲလိုတော့ပေမဲ့ မောင်ကကျွန်မပုခုံးပေါ်အိပ်နေတယ် ဒီလိုကြတော့လဲ မောင်ကချစ်စရာလေး

Hanniလဲအိပ်နေပေမဲ့ Minji ပေါင်ပေါ်အိပ်နေတယ် မအိပ်ခင်ကတောင်ဒီအတွဲရန်ဖြစ်နေသေးတာကို

"ရောက်ပြီ Jennie, Lisaကိုနှိုးလိုက်ဦး Minjiရောပဲ"

Chaeက ကားပေါ်ကဆင်းရင်းပြောတော့ ဘာတွေလောနေတာလဲပေါ့ ဘယ်ဟုတ်မလဲ သူကဟိုဘက်ကိုကူးပြီး ဆူးကိုတံခါးသွားဖွင့်ပေးနေတာ

"မောင် ထတော့ ရောက်ပြီ"

မောင့်ပုခုံးကိုအသာကိုင်နှိုးတော့ မောင်ကတမ်းထပါတယ် Hanniလဲအသံကြားတော့ ထလိုက်ရော

"အချစ် ရောက်ပြီ"

"သိတယ်သိတယ်"

"ဘာလို့အဲ့လိုကြီးပြောနေတာလဲ ငါကရောက်ပြီဆိုတဲ့အကောင်းပြောတာလေ"

ကားပေါ်ကအရင်ဆင်းလိုက်ပြီး ဆူးစီကရေဗူးတောင်းသောက်ပြီး ဆံပင်သပ်နေတဲ့မောင့်ကိုစောင့်ရင်း ဟိုဘက်အတွဲစကားများတော့မဲ့အသံကိုလဲကြားနေရတယ် Minjiကတော့ 'ငါ'ဆိုပြီးသုံးတာအကျင့်ပါနေပုံပါပဲ ချစ်သူကိုတောင်'ငါ'လို့သုံးနေတာ မောင်သာအဲ့လိုသုံးရငါကျွန်မသူ့ခေါင်းကိုခေါက်ပြစ်တယ်

"ကျွန်မလဲသိတယ်လို့ပြန်ပြောတယ်လေ"

"Hanni Unnie, Minji Unnie စကားမများကြပါနဲ့လား မြန်မြန်ဆင်းလာခဲ့တော့ လျှောက်သွားရအောင်"

Haerinလှမ်းအော်လိုက်မှသတိရတဲ့အတွဲပါ အဲ့လိုပြောမှဆင်းလာတယ် မောင်ကလဲအိပ်ထားတာဆို‌တော့ အင်္ကျီတွေဘာတွေသပ်ပြီးဆင်းလာတယ်

"Park Chaeyoung, ငါဒီကိုမရောက်ဖူးဘူးနော်"

"ဘာမှမဖြစ်ဘူး နင်တို့သွားချင်ရာသွား ငါတို့သွားချင်ရာသွားမယ် ဒါကအုပ်စုလိုက်လည်ရတဲ့နေရာမဟုတ်ဘူး ကိုယ်ကြိုက်တဲ့နေရာကိုယ်သွား Lunch ချိန်ပြန်တွေ့မယ်"

"ဟမ်"

"ငါပြောတာမရှင်းလို့လား"

Chaeကတော့ မျက်မှန်မည်းကြီးတပ်ပြီးမောင့်ကိုအရမ်းချေနေတာ ဆေးမှားသောက်လားမသိဘူး

Cool With YouWhere stories live. Discover now