Part11

401 37 1
                                    

###Unicode###

4:30AM

ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မထရတာပါပဲ ဒါပေမဲ့ ပြတင်းပေါက်နားမှာထိုင်နေတဲ့Haerinကိုတွေ့လိုက်ရတယ် Haerinကကျွန်မနိုးလာတာကိုမသိဘူး ကျွန်မချက်ခြင်းမထပဲ Haerinကိုစောင့်ကြည့်နေတယ် Haerinက ငိုနေပုံရတယ် တစ်ခါတစ်ခါနှာခေါင်းရှုံ့သံကြားရတယ် ကျွန်မတို့ဘက်ကိုကြည့်လိုက်၊ Daniကိုကြည့်လိုက်၊ နေထွက်ရာအရပ်ကိုကြည့်လိုက်နဲ့

ကျွန်မထပြီး Haerinစီသွားတော့ သူတကယ်ငိုနေတာ ခြေသံကြားတော့သူလှည့်ကြည့်တယ်

".....မယ်တော်သိလား...."

ဒီအဓိပ္ပာယ်ကိုကျွန်မချက်ခြင်းတမ်းသိလိုက်တော့တယ် Jennie Senbei ကိုပြောချင်တာ သူမှတ်မိသွားပြီပဲ

"Psychမသိသေးပါဘူး"

"ဒေါ်လေးတို့....ဘာကြောင့်ဖုံးကွယ်ထားရတာလဲ"

"ပြောပြဖို့ကြိုးစားနေတာပါ"

"ခမည်းတော်ကိုတွေ့ချင်တယ်"

"ဒေါ်လေးဒီနေ့ Korea ပြန်ရမှာမလို့ လိုက်ပို့လို့မရဘူး Inoကိုခေါ်ပြီးသွားမလား"

"Inoကိုထပ်မြင်ရင် ကျွန်မရူးသွားလိမ့်မယ်"

"Hedone.... သမီးမှာ Semeleရှိနေပါပြီ ဘာမှမဖြစ်တော့ပါဘူး Inoကိုမေ့လိုက်ပါ ပြန်ခင်လို့တော့ရတာပေါ့"

"အော်....ဒေါ်လေးရယ် Inoကကျွန်မအချစ်ဦးလေ"

Haerinကမျက်ရည်တွေစီးကျနေတာမရပ်တော့ဘူး

"မင်းတို့အတွက်လွယ်မှာမဟုတ်တာဒေါ်လေးသိပါတယ်"

"ဒါနဲ့များ....ဘာ ဘာလို့ ကျွန်မကိုပြန်မှတ်မိအောင်လုပ်ခဲ့သေးလဲ"

"အရင်ကလဲဒီလိုပါပဲ အစ်ကိုတော်နဲ့ဒေါ်လေးပဲကျန်နေခဲ့တာလေ အစ်ကိုတော်ကမှ ယောင်းမ Psychကိုမမေ့နိုင်တာ ငါလဲCadmusကိုမမေ့နိုင်ခဲ့ဘူး ဘဝတိုင်းငါတို့တွေအသစ်ကပြန်စပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတာ"

Haerin ဘာမှပြန်မပြောတော့ဘူး လုံးလုံးငြိမ်ကျသွားတယ်

"ဒေါ်လေးCadmusနဲ့ Koreaသွားရဦးမယ် အစ်ကိုတော့်စီသွားလိုက်ပါ မဟုတ်ရင်လဲအစ်ကိုလာလိမ့်မယ် ဘယ်သူ့ကိုမှအသိမပေးပါနဲ့ဦး Semele, Psych တို့ကိုပေါ့ အာ ပြီးတော့Cadmusကိုရောပဲ"

Cool With YouWhere stories live. Discover now