Part24

514 41 8
                                    

###Unicode###

ကျွန်မတို့ Liနဲ့ Hanni လာမှညစာစားကြမယ်ဆိုပြီး စောင့်နေတာကြာလှပြီ 6နာရီခွဲခါနီးတော့ မစောင့်နိုင်တော့လို့ စားတော့မယ်ဆိုပြီး Chaeကပြင်နေတုန်း Liတို့ရောက်လာခဲ့တယ်

Jennie-"Li နဲ့ Hanniရောက်ပြီလား ညစာစားရအောင် ပြီးတော့ Chaeက ဒေသထွက် Wine ပြင်ထားတယ်"

Lisa-"ဟုတ်လား ပြင်သစ်နဲ့အီတလီလိုနိုင်ငံတွေက wineပဲကြားဖူးတာ"

Liကပြောရင်း စားပွဲဝိုင်းကိုထိုင်လိုက်တော့ ချယ်ကဒေသထွက်ဝိုင်ကို သူ့အခန်းထဲကယူပြီးထွက်လာတယ်

Chae-"ဒီမှာလဲရှိပါတယ် မင်းက1ခါ2ခါပဲရောက်ဖူးပေမဲ့ ငါကအမြဲရောက်ဖြစ်တယ်လေ"

Lisa-"အဲ့တာကြောင့် Irene ကမလိုက်ချင်တာဖြစ်မယ်"

Jennie- "Hanniလေးငြိမ်နေပါလား"

Liနဲ့Chae စကားပြောတာကို ထိုင်ပြီးနားထောင်နေတဲ့ Hanni လေးနားကိုသွားပြီးမေးလိုက်တယ်

"အာ ဒီတိုင်းပါ အပြင်ကပြန်လာပြီးအိပ်ချင်လာလို့ Minjiရော"

"3နာရီခွဲကျော်ကျော်က အပြင်ထွက်သွားတယ်"

"အာ ဟုတ်တာပဲ သူ့သူငယ်ချင်းနဲ့သူချိန်းထားတာ"

Hanni မျက်နှာမကောင်းမှန်းကျွန်မသိတာပေါ့ အဲ့တာကိုအိပ်ချင်တာကိုအကြောင်းပြပြီး လိမ်နေသေးတယ်

"Hanni ဝမ်းနည်းစရာရှိလား"

"အာညီး ဘာလို့လဲSenbei ကျွန်မဘာမှမဖြစ်ပါဘူး"

"ဟုတ်ပါပြီ အဲ့တာဆိုလဲ ထမင်းစားရအောင် Senbei ဆူးကိုသွားခေါ်လိုက်ဦးမယ်နော် Minjiကတော့အပြင်မှာစားခဲ့လောက်တယ်"

ကျွန်မစကားလဲဆုံးရော တံခါးဖွင့်ကြားလိုက်ရတယ် တစ်ခါထဲမဟုတ်ဘူး နှစ်ခါတောင်မှ

တစ်သံကဆူးကနိုးလာပြီး အပြင်ထွက်လာတာဖြစ်ပြီး နောက်တစ်သံက Minji ပြန်လာတာ

"Minji ဘာစားပြီးပြီလဲ"

"ကျွန်မဘာမှမစားရသေးဘူး ကျွန်မသူငယ်ချင်းဝယ်ချင်တာလိုက်ဝယ်ပေးပြီး ပြန်လာတာ"

"ဒါဆိုစားရအောင် ငါတို့စားတော့မလို့လေ"

ကျွန်မသူ့ကိုလာစားလို့ပြောတော့ သူက Hanni ကိုကြည့်လိုက်သေးတယ် နှစ်ယောက်သားအဆင်မပြေဘူးလားပဲ နေ့လည်ကမှအကောင်းကြီးကို

Cool With YouWhere stories live. Discover now