Part15

346 34 1
                                    

###Unicode###

"Minji ဒါဘယ်နေရာလဲ"

"ကလပ်လေ မင်းဒီမှာနေပြီးဒီကိုမရောက်ဖူးဘူးလား"

"ဟင့်အင်"

"ငါ့နောက်ကငြိမ်ငြိမ်လေးလိုက်ခဲ့ ခဏပဲနေမှာ ငါ့သူငယ်ချင်းတွေကိုသွားတွေ့ရုံပဲ"

ကျွန်မဆက်မမေးနေပဲသူ့နောက်ကနေ သူပြောသလိုငြိမ်ငြိမ်လေးပဲလိုက်သွားခဲ့တယ် သူ့လိုလူမှာလဲသူငယ်ချင်းရှိသေးတယ်တဲ့လား ဂရိကိုပြန်မှအစ်ကို့ကိုမေးရမယ်

ရောင်စုံမီးတွေနဲ့ ပတ်ဝန်းကျင်ကဆူညံနေတယ် Minjiကတည်တည်ငြိမ်ငြိမ်နဲ့ အစားအသောက်ဝိုင်း တစ်ကိုစီကိုသွားနေပုံရတယ် ထင်ထားတဲ့အတိုင်းပဲ ဝိုင်းနံပါတ်07ကိုတွေ့တော့ အဲ့စီတန်းတန်းမတ်မတ်သွားနေတာ

"Yo Minjiပါလား"

အဲ့မှာယောက်ျားလေး6ယောက်လောက်ရှိတယ် အပျော်မယ်တွေကိုယ်စီနဲ့ပေါ့ တစ်ယောက်ကMinjiကိုနှုတ်ဆက်တော့ အားလုံးက Minjiကိုကြည့်လာကြတယ်

"ဟုတ်တယ် ကျွန်မပါ"

"ဘာကိစ္စရှိလို့လာတာလဲ ဟိုးနောက်ကသေးသေးပေါက်စလေး ကဘယ်သူလဲ ဝိုး မဆိုးပါလား"

ကျွန်မကို‌ ခေါင်းအစခြေအဆုံးကြည့်ပြီး ရိသဲ့သဲ့လာလုပ်နေတာ ကျွန်မအဲ့တာကြီးတကယ်ကိုမကြိုက်ဘူး

"Hey သူနဲ့မဆိုင်ဘူး သူ့ကိုမထိနဲ့"

Minjiက ကျွန်မကိုကာပြီးပြောပေးတယ်ကျွန်မမှာအားကိုးစရာMinjiပဲရှိတာမလို့ Minjiရဲ့လက်ကောက်ဝတ်ကို အားကိုးတစ်ကြီးလှမ်းကိုင်လိုက်တယ် Minjiကလဲဘာမှမဖြစ်ဘူးဆိုတဲ့သဘောနဲ့ ကျွန်မလက်ကိုပြန်ကိုင်တယ်

"Minji ဘယ်လိုဖြစ်နေတာတုန်း ငါ့သူငယ်ချင်းတွေက အဲ့တစ်ယောက်ကိုခင်ချင်လို့လေ ဒီမှာညီမလေး Minjiကိုအရေးမစိုက်နဲ့ ကိုယ်က Kim Leemin ဒီကတစ်ယောက်က Park Dosan သူကတော့Qတဲ့ သူ့နာမည်ကတစ်လုံးထဲ ဟဟ ဒါက Lee Minjun သူက Cha KangDae လေ သူက Min Beongho မင်းလေးနာမည်လဲပြန်မိတ်ဆက်ဦးလေ"

"Hey သူ့ကိုမပတ်သက်နဲ့လို့ကျွန်မပြောထားတယ်နော်"

"မဆိုင်တာဝင်မပါနဲ့၊ ညီမလေးပြော"

Cool With YouWhere stories live. Discover now