Part18

433 33 1
                                    

###Unicode###

"အင်းပေါ့ သူလွတ်လွတ်လပ်လပ်နေပါစေ"

ကျွန်မခေါင်းသာငြိမ့်ပြလိုက်တယ် Hanni လေးဒီရက်ပိုင်းအတွင်းကိုတကယ်မဆက်သွယ်တာ အဆင်မှပြေရဲ့လားပဲ

"လာ luggage ပြင်ရအောင် ဗီရိုထဲကဟာတွေယူခဲ့"

ကျွန်မအတွေးလဲဆုံးရော ဆူးစီကအသံထွက်လာတယ် အဲ့တာကလဲခရီးဆောင်အိတ်ပြင်မယ်တဲ့လေ

"ခုနကြောက်နေတာနင်မဟုတ်ဘူးလား"

"Lisaကစိတ်ချရတယ်လို့ပြောတာနင်မဟုတ်ဘူးလား"

တကယ်ပါပဲ ဆူးကတော့ သူလဲသွားချင်နေတာဖြစ်မယ်

ကျွန်မ တံခါးပေါက်ဝမှာရှိတဲ့ ဗီရိုထဲက အဝတ်တစ်ချို့ကိုယူတုန်းမှာပဲ အပြင်ကတံခါးခေါက်သံကြားလို့ ဗီရိုကိုပြန်ပိတ်ပြီး တံခါးပေါက်ကိုသွားဖွင့်လိုက်တယ်

"ဟုတ်ကဲ့ ဘာကိစ္စရှိလို့......"

အတန်းခေါင်းဆောင်ကိုမြင်လိုက်ရတာမလို့ ပြောလက်စ စကားပါရပ်သွားရတယ် ဆူးကကုတင်ပေါ်မှာဖုန်းသုံးရင်း ကျွန်မစကားရပ်သွားလို့ လှမ်းအကဲခတ်နေတဲ့ ဆူးကိုတော့ ကျွန်မလှည့်ကြည့်စရာမလိုပဲသိပါတယ်လေ

"အမ် ဟမ် ဟို ဟိုဟာလေ ကထိကခေါ်ခိုင်းလိုက်လို့ ကျောင်းသားတွေအကုန် VIPခန်းထဲလာခဲ့ပါတဲ့ နောက်နာရီဝက်လောက်နေရင်ပေါ့"

အတန်းခေါင်းဆောင်က အဲ့တာပဲပြောပြီးအကြည့်လွှဲသွားတယ် ဘာလို့လဲတော့မသိဘူး ဟိုကိစ္စကြောင့်ဆိုရင်တော့..... ဟိုနေ့ကတောင် ကျွန်မကိုသူကြည့်နေခဲ့တာမဟုတ်လား

"အာ အမ် ဟုတ်ကဲ့"

အတန်းခေါင်းဆောင်က ခေါင်းငြိမ့်ပြပြီးထွက်သွားတယ်

"ဟဲ့ဟဲ့"

ထင်ထားတဲ့အတိုင်း ကျွန်မတံခါးပိတ်လိုက်တာနဲ့ ဆူးလာမေးပါပြီ

"ဘာလဲ ဘာတဲ့လဲ"

"ကထိက ကကျောင်းသားတွေအကုန် VIPခန်းထဲလာခဲ့တဲ့"

‌"အခုလား"

"နောက်နာရီဝက်မှ"

"အဲ့တာများ အခုအဝတ်ဆက်ထည့်ရအောင် ပြီးမှသွားကြမယ်"

Cool With YouWhere stories live. Discover now