Part10

478 36 1
                                    

###Unicode###

"ဟူး..."

Hotelပြန်ရောက်တာနဲ့ ဆူးရောကျွန်မရောခြေကုန်လက်ပန်းကျပြီး အိပ်ယာပေါ်ပစ်လဲလိုက်တယ် အလုပ်သွား၊ကျောင်းတက်ရတာမဟုတ်ပေမဲ့ ဒီလအပူရှိန်ကတော်တော်ပြင်းလို့ ဘာမှမလုပ်ပဲကိုပင်ပန်းနေရတာ Seoul မှာဆိုဒီလောက်မပူပါဘူး

"ပူလိုက်တာ တော်‌ပြီတော်ပြီ ငါတော့ရေချိုးပြီ"

ACဖွင့်ထားပေမဲ့ အခုမှဖွင့်တာဆိုတော့ အအေးဓာတ်မရသေးပဲပူနေသေးတာ ဆူးကမခံနိုင်ပဲရေချိုးဖို့ပြင်တော့တယ်

"Hey မချိုးနဲ့ နင်ရူးသွားတာလား အခုမှအပြင်ကပြန်လာတာလေ"

"မသိတော့ဘူး"

"ACအေးအောင်စောင့်တာ2မိနစ်မပြည့်ပါဘူး ပြီးမှချိုး အပူရှပ်မှာဆိုးလို့"

ပြောမနိုင်တဲ့ကျွန်မကို ဆူးအရှုံးပေးသွားပြီး ရေချိုးခန်းထဲကနေသဘက်နဲ့ပြန်လာတော့တယ်

"စိတ်မကောက်နဲ့ အကုန်နင့်အတွက်ချည်းပါပဲ သူများနိုင်ငံမှာဖျားရတာမလွယ်ဘူး ဘာသာစကားကမတတ် ဆေးတွေကဘာမှန်းမသိနဲ့ ပြီးတော့ထွက်လည်ရမဲ့ရက်လဲပိုနည်းသွားမှာ"

"ဟုတ်ပါပြီကွာ မချိုးတော့ဘူး ငါစိတ်လဲမဆိုးပါဘူး"

ကျွန်မခေါင်းငြိမ့်ပြပြီး နားကြပ်တပ်လိုက်တယ် Playlist ထဲမှာသီချင်းတွေအများကြီးရှိတဲ့ထဲက အကြိုက်ဆုံးဖြစ်တဲ့ Arctic Monkeysရဲ့ I Wanna Be Yours လေးကိုဖွင့်လိုက်တယ်

အဲ့သီချင်းကိုအမှန်တော့ တက္ကသိုလ်စတက်တည်းကကြိုက်လာခဲ့တာ တော်တော်ကြာပြီ ခန့်မှန်းရရင်5နှစ်လောက်ရှိပြီပေါ့

Hold your hair in deep devotion (I'll be)
At least as deep as the Pacific Ocean
Now I wanna be yours....

အို နူးညံ့လိုက်တဲ့စာ‌သားလေး ဒီသီချင်းမှာဒီနေရာကိုအကြိုက်ဆုံးပါပဲ

10မိနစ်လောက်ကြာတော့ ဆူးကရေသောက်ပြီးရေချိုးခန်းထဲဝင်သွားတယ် ပြောလို့လဲမရပါလား ချိုးချင်နေတာဖြစ်မယ် သူရေချိုးခန်းထဲဝင်သွားပြီးသိပ်မကြာပါဘူး ကျွန်မဘယ်လိုအိပ်ပျော်သွားမှန်းမသိအိပ်ပျော်သွားတယ် နောက်ဆုံးတွေးမိတဲ့အရာကLisaအကြောင်း

Cool With YouWhere stories live. Discover now