Part24-1

500 34 1
                                    

###Unicode###

ကြီးကျယ်ခမ်းနားလှတဲ့ နန်းတော်ကြီးရဲ့ မင်းသမီးတွေသာနေထိုင်တဲ့အခန်းထဲမှာ.....
(Ancient Greece ဖြစ်ရပ်မှန်)

Aglaura နဲ့ Cidippe ဆိုတဲ့ ကျွန်မရဲ့အစ်မတော်နှစ်ယောက်ရယ် Psycheဆိုတဲ့ကျွန်မရယ်

Aglaura- "ငါ့ရဲ့ အနာဂတ်သတို့သားလောင်းက ချမ်းသာကြွယ်ဝပြီး ငါ့ကိုပြည့်ပြည့်စုံစုံထားနိုင်ရင်ကောင်းမှာပဲ"

Cidippe- "ငါ့ရဲ့အနာဂတ်သတို့သားလောင်းကတော့ နာမည်ကြီး၊ ရုပ်ရည်ဖြောင့်ပြီး ငါ့ကိုဘုရင်မလိုဆက်ဆံပေးလိမ့်မယ် Psych နင်ရော"

သရေစာတွေစားနေတဲ့အစ်မတော်နှစ်ယောက်က ပြတင်းပေါက်ကြီးကနေ  တိုင်းပြည်ကြီးကိုလှမ်းကြည့်‌နေတဲ့ ကျွန်မကိုမေးလိုက်တယ်

"ကျွန်မကိုချစ်ပေးရင်ရပါပြီ"

Cidippe- "Psych နင်ရူးသွားပြီပဲ နင့်စိတ်ကူးကလဲပျင်းဖို့ကောင်းလိုက်တာ"

သူတို့ဘယ်လိုပြောပြောကျွန်မဂရုမစိုက်ပါဘူး
*****
မင်းသမီးတွေ အပြင်ထွက်တိုင်းကြုံရတဲ့ ပြဿနာမှာ Psyche ဆိုတဲ့မင်းသမီးတစ်ပါးက ပိုကြုံရလေ့ရှိတယ်

အဲ့တာကတော့ လူတွေစီကအာရုံစိုက်ခံရတာပေါ့

ဒီတိုင်းပြည်က ဘုရင့်သမီး3ယောက်လုံး‌လှကြပေမဲ့ အငယ်ဆုံး Psyche လေးကပိုလှတာကြောင့် အစ်မတော်တွေမနာလိုခံရတဲ့သူလေးပေါ့

Psyche ကိုကြည့်ချင်လို့ တိုင်းတစ်ပါးကလာတဲ့ ပြည်သူတွေ၊ မင်းသားတွေ လာတဲ့အခါ ဘုရင်ကြီးက သူ့အငယ်ဆုံးသမီးလေး Psyche ကိုထုတ်ပြလိုက်တယ်

"ဒီလောက်လှတဲ့လူငါမမြင်ဖူးသေးဘူး"

"ကျုပ်ရောဘာထူးလဲဗျာ နတ်သမီးလေးအတိုင်းပဲ"

"မင်းသမီးကို အိမ်ခေါ်ထားပြီး ပုလ္လင်ပေါ်တင်ထားချင်လိုက်တာ"

လာကြည့်ကြတဲ့ လူထုကြီးရဲ့စကားသံတိုင်း မင်းသမီးကိုချီးကူးတဲ့စကားသံတွေသာဖြစ်တယ်

တစ်ဆင့်တစ်ဆင့် ဒီသတင်းဟာ အလှနတ်ဘုရားမနဲ့ အချစ်နတ်ဘုရားမဖြစ်တဲ့ Aprodite စီရောက်သွားတယ်

အလှဆုံးနတ်ဘုရားမ Aprodite က သူ့ထပ်လှတဲ့လူရှိလို့ မကျေမနပ်ဖြစ်ပြီး သူ့သား မြှားနတ်မောင်ကိုခေါ်လိုက်တယ်

Cool With YouWhere stories live. Discover now