Part7

424 40 0
                                    

###Unicode###

ကျွန်မတို့အိမ်ပြန်လာတော့ ညနေ၃နာရီလောက်ထိုးရောပေါ့ ရေမိုးချိုးပြီးတော့ အစ်ကိုကကျွန်မစီလာတယ် အစ်ကိုကလဲဘာလုပ်ဖို့လာမှန်းမသိဘူး ကျွန်မစီလာပြီးJennie Senbei ကိုမေးတယ် ဆေးလိမ်းလိုက်တာမလို့ခြေထောက်ကသိပ်မနာဘူး အဲ့တာနဲ့ပဲ Jennie Senbei စီသွားတော့လဲသူကမရှိဘူး

"Jisoo Senbei, Jennie Senbei ရော ဘယ်သွားလဲ"

"အော် သူလား သူကကထိကရဲ့အခန်းမှာလေ ကထိကနေမကောင်းလို့ သူသွားပြုစုပေးရတာ"

"အော် ဟုတ် ကျွန်မသွားလိုက်ပါဦးမယ်"

Jisoo Senbei ကခေါင်းညိမ့်ပြတယ် အဲ့တာနဲ့ပဲကျွန်မနဲ့အစ်ကိုလဲ ကထိကရဲ့အခန်းကိုသွားဖို့ပြင်လိုက်တယ်

*****

ကထိက ကပြန်လို့ရပြီလို့ပြောပေမဲ့ သွေးပေါင်ကျနေတာကျွန်မသိသားပဲ ဆေးရုံသွားရအောင်ဆိုတော့လဲမသွားချင်ဘူးတဲ့ အခုတော့ပြန်ကောင်းလာပါတယ် လွှတ်ထားလို့တော့မရသေးဘူး တနေကုန်အိပ်ယာထဲပဲလှဲနေတာ

"ကျွန်မတို့ဒီတိုင်းထားလို့မဖြစ်ဘူးထင်တယ်နော် သူလဲသွားလိမ့်မယ်"

"သူအခု‌တော့အိပ်နေပါတယ် မနက်ဖြန်ကြ ဆေးရုံဖြစ်ဖြစ် ဒီကိုဆရာဝန်ခေါ်တာဖြစ်ဖြစ်လုပ်ရအောင်"

ကျွန်မကခေါင်းညိမ့်ပြလိုက်တယ် ဟိုတစ်ယောက်ကလဲ ကျွန်မကိုပြောစရာရှိတဲ့ပုံ

"ပြောစရာရှိလို့လား"

"ထွေထွေထူးထူးတော့မဟုတ်ပါဘူး"

"အောအဲ့တာဆိုပြောလေ"

"မင်းမှာရည်းစားရှိလားဟင်"

"မရှိပါဘူး"

"အဲ့တာဆိုရင် ကိုယ့်ကိုဘယ်လိုသဘောရလဲ"

"ဟင်"

"ကိုယ်မင်းကိုသဘောကျတယ်"

ကျွန်မနားသူကပ်လာတယ် မကောင်းတော့ဘူး လုံးဝမကောင်းဘူး ကျွန်မသူ့ကိုသဘောမကျဘူးလေ ကျွန်မတို့တဖြည်းဖြည်းနီးကပ်လာပြီ နောက်ထပ်ဆုတ်ရအောင်လဲ ကျွန်မနောက်မှာနံရံပဲရှိတော့တယ် သူကကျွန်မပါးကိုလာကိုင်တယ်

"အမ် ဟိုဟာ ကျွန်မ...."

"ကိုယ့်ကိုတော့မရက်စက်ဘူးမဟုတ်လား"

Cool With YouOnde histórias criam vida. Descubra agora