Part6

489 35 2
                                    

###Unicode###

Hanniလေးတို့အပြင်သွားလားလဲမသိရ ဒီနေ့တနေ့လုံးအလုပ်ရှုပ်နေရတယ် ကထိကဖျားတာကတကယ်အသဲအသန် အိပ်ယာထဲကမထနိုင်ဘူး

"ဂျိန်း ဆရာမကိုဆေးလေးယူပေး ဆရာမခြေထောက်ကိုက်နေတာဆေးလိမ်းမလို့"

"အော ဟုတ် သမီးလိမ်းပေးမယ် ဆရာမငြိမ်ငြိမ်နေပါ"

ကုတင်ပေါ်ထိုင်ပြီး ဆေးလိမ်းပေးရင်းနည်းနည်းခံစားရသက်သာသွားအောင်နှိပ်ပါနှိပ်ပေးလိုက်တယ်

"ကျေးဇူးပါသမီးရယ် ဒါနဲ့ဟိုနေ့ကဘာလို့ ဘီစီ470လို့ပြောတာလဲ ဆရာမထပ်ပိုသိတာရှိတာလား"

"အာ ဘီစီ470ဆိုတာကတော့မှန်ပါတယ် ကျွန်မအဲ့လိုခံစားရတယ်"

"အင်း ထားပါတော့ ကျောင်းကအကြောင်းတွေသမီးသိလား"

"ဟင် ဘာအကြောင်းလဲ"

"ကျောင်းမှာမင်းကတော်တော်ရေပန်းစားနေတာ ကျောင်းရဲ့နတ်ဘုရားမလေးတဲ့"

"သမီးတောင်ဆရာမပြောလို့သိတာ"

"ဆရာမကသိတယ်ထင်နေတာ သမီးကဒီလောက်လှတာရည်းစားတွေရောရနေပြီလား"

ကျွန်မကအသာလေးပြုံးပြပြီးခေါင်းရမ်းလိုက်တယ် မဖြစ်နိုင်ဘူးဆိုတဲ့သဘောပေါ့

"သဘောကျတဲ့လူတော့ရှိလောက်ပါတယ် ဒီအသက်အရွယ်တောင်ရောက်နေပြီမဟုတ်လား 23နှစ်အပျိုလေးက ဘယ်လိုလုပ်သဘောမကျတဲ့လူမရှိပဲနေမှာလဲ"

ထိုအချိန်မျက်လုံးထဲပေါ်လာတာက Lalisa လူကြီးလူကောင်းဆန်တဲ့လူ ဗဟုသုတကြွယ်ဝလွန်းတဲ့ထိုလူ

ဘာတွေတွေးမိနေတာပါလိမ့်

"အခုထိတော့မရှိသေးပါဘူး စာပဲလုပ်ရင်ကောင်းမလားလို့လေ နောက်ဆုံးနှစ်ဆိုတော့ပိုပြီးအာရုံစိုက်မှရမှာရယ်"

ကထိက ကခေါင်းအသာညိမ့်ပြတယ် မကြာပါဘူး သူအိပ်ပျော်သွားရော အခန်းထဲကထိုင်ခုံပေါ်မှာထိုင်လိုက်ပြီး ဆူးကိုစောင့်နေလိုက်တယ် ဆူးကလဲနွားနို့ သွားဝယ်တာပေါ်မလာတော့ဘူး စွတ်ပြုတ်ဝယ်လာတဲ့အတန်းခေါင်းဆောင်တောင်ပြန်လာပါပြီ

Cool With Youحيث تعيش القصص. اكتشف الآن