Part24-2

508 34 1
                                    

###Unicode###

"ဒီမှာ မင်း ဒီသဲပုံကြီးက အရောင်တွေရောထားတယ် တစေ့ချင်းစီမင်းခွဲရမယ် နှစ်ရက်နေလို့ငါပြန်လာရင် အနီရောင်သဲပုံတစ်ပုံ အစိမ်းရောင်တစ်ပုံ နဂိုတစ်ပုံတွေ့ချင်တယ်"

အဲ့လိုပြောပြီး Aprodite ပြန်သွားခဲ့တယ် Psychကလဲ ကြိုးစားရှာပါတယ် တစ်စေ့ချင်းစီလိုက်ခွဲနေတာ

အဲ့တာကိုမကြည့်ရက်တဲ့ Eros က သူ့အစွမ်းကိုသုံးပြီး ပုရွက်ဆိတ်လေးတွေကိုကူညီ‌ခိုင်းခဲ့တယ်

Aprodite လာကြည့်တော့ ပြီးသွားတာကိုမယုံနိုင်ဖြစ်နေပေမဲ့ နောက်တစ်ခုထပ်လုပ်ခိုင်းပြန်တယ်

"ဒီရေတံခွန်ကရေကိုခပ်ပေး ရေစီးသန်တယ် ဒါပေမဲ့မင်းရွေးချယ်စရာလဲမရှိပါဘူး မင်းလုပ်မယ်လို့ကတိပေးထားတာပဲ"

အဲ့တာသာပြောပြီး နတ်ဘုရားမကထွက်သွားတယ် Psych ကရေတံခွန်ကိုကြည့်လိုက်တော့ တကယ်ရေစီးသန်တာပဲ အဲ့ထပ်ပိုဆိုးတာက အဲ့ဘက်ကိုသွားစရာလမ်းမရှိပါဘူး ရေတွေစီးကျနေတဲ့အောက်ကိုကြည့်လိုက်တော့ တိမ်တွေသာရှိတယ်

"ငါအဲ့ဘက်ကိုဘယ်လိုသွားရပါ့မလဲ"

ရုတ်တရက်ဆိုသလို သိမ်းငှက်တစ်ကောင်က Psychလက်ထဲက ရေခယားကိုယူပြီး သူကိုယ်တိုင်ခပ်ပေးလိုက်တယ် အဲ့သိမ်းငှက်ကတော့ တခြားလူရဲ့သိမ်းငှက်မဟုတ်ပါဘူး Zeusရဲ့သိမ်းငှက်ပါ

ငှက်က ခပ်ပြီးတာနဲ့ Psychကို ရေခယားပေးပြီး Zeus စီပြန်သွားတယ်

"Aprodite ကတော့ လူသားတွေကိုနှိပ်ဆက်နေတာပဲ Athena ကိုဆုံးမခိုင်းရဦးမယ်"

နတ်ဘုရားတွေကိုပိုင်တဲ့ Zeus ပြောလိုက်တာကိုတော့ သိမ်းငှက်ကလွဲပြီးဘယ်သူမှမကြားပါ

Psyche ရေခယားထဲ ရေအပြည့်နဲ့ပြန်လာတော့ Aprodite အံ့ဩရပြန်ပေမဲ့ ဒီတစ်ခေါက်တော့ Psychကိုဘယ်သူကမှကူညီလို့မရဘူးလို့ပြောပြီး ငရဲပြည်ကိုစေလွှတ်တယ်

"ငရဲပြည်ကိုသွား ဘုရင်မစီက အလှတရားတစ်ချို့တောင်းလာခဲ့"

"အမိန့်အတိုင်းပါအရှင်မ"

Psycheက ငရဲပြည်ကိုသွား၊ သေမင်းရဲ့လှေကိုစီး ပြီး ဒီဘက်တိုင်းပြည်ကိုရောက်လာတယ်

Cool With YouWhere stories live. Discover now