ကုမျန်ရဲ့စကားကို နှလုံးသားထဲ စွဲစွဲမြဲမြဲမှတ်ထားပြီး နှစ်ခါလောက်ပြန်စဉ်းစားကြည့်ပြီးနောက် သူမက ကုမျန်ကို ပြုံးပြလိုက်ပြီး "ကုမျန် ကျေးဇူးတင်ပါတယ်၊ ကျွန်မ အများကြီး အကျိုးရှိခဲ့တယ်လို့ ခံစားရတယ်"

ကုမျန်က အံ့အားသင့်စွာနဲ့ သူမလက်ကို ဝှေ့ယမ်းရင်း "ရပါတယ်"

သူမတကယ်ယုံသွားတာလား? သူမပြောလိုက်တဲ့ ပေါက်ကရစကားတွေနဲ့ ကလေးကို အထင်အမြင်မမှားစေသရွေ့တော့ အဆင်ပြေပါတယ်လေ။

နောက်တစ်နေ့မှာ၊ကုမျန်က အမျိုးသားဇာတ်ဆောင်နဲ့အတူ နောက်ဆုံးsceneကို သရုပ်ဆောင်ရမှာပါ။

အဲ့ဒီsceneကို အပြီးသတ်ပြီးနောက်မှာ သူမ နေ့တိုင်း ကောင်းကောင်းမွန်မွန်အိပ်ဖို့ ပြန်သွားလို့ရပြီ။

ရိုက်ကူးရေးနေရာကို ကုမျန်ရောက်သွားတာနဲ့ ဒါရိုက်တာက သူမကိုခေါ်လိုက်တယ်။"ရှောင်ကု၊ အချိန်တွေကုန်တာ အရမ်းမြန်တာာပဲ ဒီနေ့က မင်းရဲ့နောက်ဆုံးsceneနော်"

ကုမျန်က နှုတ်ခမ်းစေ့ပြီး ပြုံးလိုက်တယ်။ "ဟုတ်ပါတယ်"

မကြာခင် သူမ ရိုက်ကူးရေးအဖွဲ့ကနေ ထွက်သွားရတော့မယ်။

"မင်းရဲ့sceneက နေ့ခင်းဘက်မဟုတ်ဘူး၊ ဒါကြောင့် မင်းဇာတ်ညွှန်းယူပြီး လော့လောင်ရှီးနဲ့သွားလေ့ကျင့်လို့ရတယ်"

ကုမျန်က မတုံ့ပြန်နိုင်ခင်မှာ ဒါရိုက်တာက ဇာတ်ညွှန်းထူထူကို သူမဆီထိုးထည့်လိုက်ပြီး လော့ချယ်ကိုသွားရှာဖို့ မောင်းထုတ်လိုက်တယ်။

ဒါက နောက်ဆုံးsceneပါ။ ရိုက်ကူးရေးအဖွဲ့သားအားလုံးရဲ့ လေးနက်တဲ့သဘောထားက ကုမျန်ကို သက်ရောက်သွားတာကြောင့် သူမကလည်း လေးလေးနက်နက်နဲ့ လုံ့လဝီရိယစိုက်ထုတ်ပြီး အပြီးသတ်ချင်ခဲ့ခြင်းဖြစ်တယ်။

လော့ချယ်က နားနေခန်းမှာ အနားယူနေမှာပဲ။။

ကုမျန်က လော့ချယ်ရဲ့နား‌နေခန်းကို ရှာတွေ့သွားပြီး လော့ကျစ်ယွီက အခန်းထဲကနေ ထွက်လာတယ်။

ကုမျန်ကိုတွေ့တော့ သူ့မျက်လုံးတွေ တောက်ပလာပြီး "မင်း ဒီကိုအားချယ်ကြောင့် ရောက်လာတာလား"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Hikayelerin yaşadığı yer. Şimdi keşfedin