သူမလိုမျိုး ကံတရားလှည့်ကွက်တွေအပေါ် မှီခို‌နေရတဲ့သူတွေ အများကြီးမရှိလောက်ဘူး၊ ဟုတ်တယ်မလား။ ဒီလိုလုပ်တဲ့သူက သူမတစ်ယောက်တည်း ဖြစ်နိုင်တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မြေခွေးလေးကြောင့် ရိုက်ကူးရေးက ချောမွေ့သွားခဲ့တယ်။

သူမက မယုံကြည်နိုင်လောက်အောင် အရမ်းကံကောင်းနေတယ်လို့ ကုမျန်မခံစားရသေးခင် သူမက လော့ချယ်ရဲ့ရင်ခွင်ထဲမှာသာ  ရှိနေသေးကြောင်းကို သိလိုက်ရတယ်။

သူ့လက်တွေက သူမရဲ့ခါးကို ပွေ့ဖက်ထားစဥ်မှာ သူမရဲ့လက်တွေက သူ့ရဲ့ချောမွေ့ပြီး ကောင်းမွန်တဲ့ဖွဲ့စည်းပုံရှိတဲ့ ရင်ဘတ်ကြွက်သားတွေပေါ်  နေရာယူထားလေတယ်။

သူက ထိုင်နေပြီး သူမကတော့ တစ်ဝက်လောက် မတ်တပ်ရပ်နေတာကြောင့် သူမက သူ့ထက် အနည်းငယ်မြင့်နေတယ်။

သူမ ခေါင်းအနည်းငယ်ငုံ့လိုက်ပေမယ့် သူက မော့ကြည့်လာတာကြောင့် နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်မိခဲ့ကြတယ်။

အခုအချိန်မှာ ကုမျန်က သူ့မျက်၀န်းတွေရဲ့အရောင်ကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

အဲ့ဒါတွေက ကြည်လင်ပြီးလှပတဲ့ ပယင်းရောင်ပင်။

ဒါက အလွန့်အလွန်ကို ဟိုလိုသည်လိုဖြစ်နေတဲ့ အနေအထားပဲ။ ကုမျန် ဒါကိုသဘောပေါက်သွားပြီးနောက် သူမက လော့ချယ်ကို အလျင်အမြန်တွန်းထုတ်ကာ သူ့ရင်ခွင်ထဲကနေ မတ်တပ်ထရပ်လိုက်တယ်။

လော့ချယ်က သူ့လက်ချောင်းထိပ်တွေကို မသိစိတ်ကနေ ဖျစ်ညှစ်လိုက်မိတယ်။ ရနံ့သဲ့သဲ့တမျိုးက သူတို့ကြား တရစ်ဝဲဝဲဖြစ်နေဆဲ။ ဒါက ကုမျန်ရဲ့ရဲ့ရနံ့ပဲ။

လက်ထောက်တွေက မြေခွေးလေးကိုဖမ်းရင်း အလုပ်များနေချိန်မှာ ဒါရိုက်တာနဲ့အခြားသူတွေက ရိုက်ကူးရေးရလဒ်တွေကို ကြည့်ရှုနေကြတာကြောင့် ကုမျန်နဲ့ လော့ချယ်တို့ရဲ့ အပြန်အလှန်ဆက်ဆံရေးလေးကို ဘယ်သူမှဂရုမစိုက်မိခဲ့ကြပေ။

ကုမျန်က သူမတူထူးကဲစွာ ပြီးပြည့်စုံတဲ့အမူအရာနဲ့အတူ အံ့သြဖွယ်ကောင်းအောင် သရုပ်ဆောင်ခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now