အစပိုင်းမှာ လော့ချယ်က ဒီလိုsceneတွေပါတဲ့ ကောင်းမွန်တဲ့ဇာတ်ညွှန်းတွေကို မရရှိခဲ့ဘူး။ သူ တဖြည်းဖြည်း နာမည်ကြီးလာတဲ့အချိန်ကျတော့ သူ့ပရိသတ်တွေက သူ့ကို ဒီလိုဇာတ်ညွှန်းမျိုး လက်ခံခွင့်မပေးကြတော့ဘူး။

ဒါကြောင့်၊ လော့ချယ်က love lineမပါတဲ့ အမျိုးသားဇာတ်ဆောင်ဒရမ်မာတွေကိုပဲ အမြဲရွေးချယ်ခဲ့လေ့ရှိပြီး လေးနက်လွန်းတဲ့စာကြောင်းတွေနဲ့ "Ask the Immortal" ကလည်း သဘာဝအတိုင်း ပါဝင်ခဲ့ပါတယ်။

"Ask the Immortal" မှာ ယင်းလျန်က ချန်းရှန်ရဲ့တစ်ဦးတည်းသော အလုပ်သင်လေးဖြစ်ပြီး သူမရဲ့နှလုံးသားထဲ သူရှိနေပေမယ့်လည်း၊ တကယ်တော့ ဒါက ယင်းလျန်အတွက် မျှော်လင့်ချက်မရှိတဲ့ တဖက်သတ်အချစ်တစ်ခုသာပင်။

ချန်းရှန်က အစမှအဆုံးထိ အေးစက်နေခဲ့တယ်။

နတ်ဘုရားရာထူးကိုတက်လှမ်းဖို့ နောက်ဆုံးသောအကြီးမြင့်ဆုံးနတ်ဘုရားအနေနဲ့ သူ့ရဲ့အဆင့်အတန်းက ကောင်းကင်ဘုံနဲ့ဆိုင်တဲ့ 'တောက်'ပြီးရင် ဒုတိယပါပဲ။ ချန်းရှန်ရဲ့နှလုံးသားထဲမှာ ကျင့်ကြံခြင်းသာရှိတယ်။

သူက ယင်းလျန်ကို သူ့တပည့်ဖြစ်လာစေပြီး လမ်းညွှန်ပေးတာက သူမရဲ့ကျေးဇူးကို ပြန်ဆပ်ချင်ရုံပင်။

ဒါကြောင့် ကုမျန်က ဇာတ်လိုက်မင်းသမီးဆိုပေမယ့်လည်း ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကွက်အများကြီးမပါ၀င်ပါဘူး။

ချန်းရှန်က ယင်းလျန်ကို တပည့်အဖြစ် လက်ခံခဲ့ပြီးနောက် သူမရဲ့ဇာတ်ကောင်က ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။

ချန်းရှန်က ကိုယ်ခံပညာ ပြန်ရသွားတာနဲ့တပြိုင်နက် မွန်းစတားတွေကို တိုက်ခိုက်ဖို့လမ်းကြောင်းတစ်ခု စတင်မှာဖြစ်ပြီး အဆင့်မြှင့်တင်လိမ့်မယ်။ကျင့်ကြံဆင့်နိမ့်တဲ့ယင်းလျန်က ပါ၀င်ဖို့မသင့်တော်ဘဲ မလိုလားစွာနဲ့ သူမကို ဖယ်ထုတ်လိုက်ရုံသာတတ်နိုင်တယ်။

ချန်းရှန်ရဲ့ဘ၀ထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ယင်းလျန်ကံကောင်းခဲ့တယ်။ ဒါပေမယ့် အဲ့ဒီကာလက သူ့ရဲ့ရှည်လျားလှတဲ့အတက်အကျနဲ့ အံ့သြဖွယ်ကောင်းတဲ့ဘဝထဲမှာဆို အရေးမပါလှပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now