ဒါကလည်း respect ထားနည်းတစ်မျိုးပါပဲ။ သူ သဘောကျနေတဲ့သူရှိရင် ဖုံးကွယ်ထားမှာမဟုတ်ပဲ ပရိသတ်တွေကို ရက်ရက်ရောရောပြောပြမှာပါ။

လော့ချယ်ရဲ့Weibo မှာ သူမနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို updateမလုပ်ခဲ့ပေ။

တစ်နည်းအားဖြင့် လော့ချယ်က သူမကို သဘောမကျဘူး။

ဒါက သဘာဝအတိုင်း ကုမျန်မျှော်လင့်ထားသလို ဖြစ်တာကြောင့် လော့ချယ်ရဲ့စကားကိုကြားပြီးနောက်မှာ သူမ အေးအေးဆေးဆေးပဲ ခေါင်းညိတ်လိုက်တယ်။

သူမ ထွက်သွားတော့မှာဖြစ်ပေမယ့် ဒါရိုက်တာက ဝမ်းသာအားရနဲ့ သူမတို့ဆီ လျှောက်လာတယ်။

ကုမျန်ရဲ့အမြင်မှာတောင် ဒါရိုက်တာ ဒီလောက်သိသိသာသာ ပျော်ရွှင်နေတာက  ဒါပထမဆုံးအကြိမ် ဖြစ်ပုံရတယ်။

ကောင်းတာ တစ်ခုခုဖြစ်နေတာလား။

သူ ကုမျန်နဲ့လော့ချယ်ကိုတွေ့တဲ့အခါ လက်ကိုဝှေ့ယမ်းလိုက်ပြီး "မင်းတို့နှစ်ယောက် ဒီကိုရောက်နေတာပဲ  ငါ မင်းတို့ကိုပြောစရာရှိတယ် ဇာတ်ညွှန်းကို ပြန်ပြင်ရနိုင်တယ်"

လော့ချယ်က မျက်ခုံးပင့်လိုက်ပြီး "ဟင်?"

ဒါရိုက်တာက ဟက်ဟက်ပက်ပက်ပြုံးပြီး "ငါ ပရိသတ်တွေရဲ့ဆန္ဒကိုလည်း လိုက်လျောပေးချင်တယ်လေ ဒါနဲ့ပဲ မင်းရဲ့ပရိသတ်တော်တော်များများက ဇာတ်ကြောင်းထဲက ဆရာသခင်နဲ့ အလုပ်သင်အကြား ဟိုလိုသည်လိုဆက်ဆံရေးရှိတဲ့sceneတချို့ တောင်းဆိုခဲ့ကြပြီးတော့ ငါလည်း  ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်လေ ဒါကြောင့်မို့..." ဒါရိုက်တာက "မင်းသိပါတယ်" ဆိုတဲ့အကြည့်တချက်ကို ပြသလိုက်တယ်။

ကုမျန် အနည်းငယ် အံ့သြသွားရတယ်။

လော့ချယ်က matureဆန်တဲ့အလုပ် ဒါမှမဟုတ် နမ်းတာ ဒါမှမဟုတ် ပွေ့ဖက်တာလိုအပ်တဲ့ ဘယ်ပရောဂျက်ကိုမှ မလုပ်ခဲ့ဖူးဘူး။ ပွဲဦးထွက်ကတည်းက သူ့ရဲ့ဖန်သားပြင်ပေါ်က first kissနဲ့ ဖန်သားပြင်ပေါ်က အချစ်ဦးsceneတွေကို အခုထိ မမြင်ဖူးကြသေးဘူး။

လော့ချယ်ရဲ့ပရိသတ်တွေက ပိုင်ဆိုင်လိုစိတ်ကြီးတာကြောင့် အဲ့လိုရိုက်ကူးဖို့က မဖြစ်နိုင်ဘူးလေ။ တီဗီဒရာမာတွေ ဒါမှမဟုတ် ရုပ်ရှင်တွေထဲမှာသာ ချစ်သူရှိခဲ့ရင်တောင် သူတို့က သည်းမခံနိုင်ကြဘဲ တစ်စုံတစ်ယောက်က သူ့ရဲ့သန့်ရှင်းမှုကို ညစ်ညမ်းစေတယ်လို့ ခံစားရတဲ့အထိ အရမ်းကို ပိုင်ဆိုင်လိုစိတ်ကြီးကြပါတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now