ဒါကြောင့် နောက်ဆုံးရလဒ်ကို ခန့်မှန်းဖို့က လွယ်ကူမှာမဟုတ်ဘူး။

ရှောင်ကျူးက စကားပြောနေရင်းနဲ့ သူမရဲ့အမူအရာက လေးနက်သွားပြန်တယ်။ "ဒါပေမယ့် Hot Search အပေါ်အခြေခံတဲ့ ဒီလိုရေပွက်မှုမျိုးက ကြာရှည်မခံဘူး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ခြေကုပ်ရယူချင်တယ်ဆိုရင် လူထုနဲ့ ရံဖန်ရံခါထိတွေ့‌ပေးရမယ့်အပြင်၊ ပိုအရေးကြီးတာက လွယ်လွယ်ကူကူလုပ်လို့ရတဲ့ အလုပ်တွေရှိတယ် အလုပ်တွေနဲ့ပြောတာတစ်ခုတည်းကသာ ပရိသတ်က နင့်ကို အချိန်အကြာကြီး မှတ်မိနိုင်မှာ"

သူမက အရမ်းမငယ်ရွယ်ပေမယ့်လည်း ဖျော်ဖြေရေးလောကထဲဝင်ရောက်လာတာ နှစ်,နှစ်‌လောက်ရှိပြီဖြစ်တာကြောင့် စည်းမျဉ်းတွေနဲ့ ကောင်းကောင်းရင်းနှီးတယ်။

ကုမျန်က ရှောင်ကျူးကို သဘောကျစွာကြည့်လိုက်တယ်။

သူမ စိတ်သက်သာရာ ရသွားတယ်။ အဆုံးမှာတော့ ရှောင်ကျူးက မူလပိုင်ရှင်ရဲ့ဖခင်ဖြစ်သူကနေ အထူးတလည်ရွေးချယ်ထားတဲ့ လက်ထောက်တစ်ဦးဖြစ်တာကြောင့် သူမက ဘာဆိုဘာမှမသိတဲ့ ဖြူစင်လှတဲ့လူသစ်လေးတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ။

သို့ပေမယ့်လည်း ရှောင်ကျူးက သုံးစက္ကန့်လောက်ပဲ အလေးအနက်ဖြစ်လိုက်ပြီး သုံးစက္ကန့်ကြာပြီးနောက်မှာတော့ သူမက ပြန်ပြုံးလိုက်ပြီး "ဒါဆို မျန်းမျန် fighting!"

---

မိတ်ကပ်လိမ်းပြီးတာနဲ့ ကုမျန်နဲ့ ရှောင်ကျူးတို့က ရိုက်ကူးရေးနေရာကို တူတူလျှောက်သွားခဲ့ကြတယ်။

သူမ ဖြတ်သွားတဲ့အချိန် ဇာတ်ပို့ဇာတ်ကောင်က သရုပ်ဆောင်နေတယ်။ လောလောဆယ်မှာတော့ သူမအတွက် sceneတစ်ခုမှ မရှိဘူး။

လော့ချယ် သစ်ပင်ရိပ်အောက်မှာ သူ့ဖုန်းသူကြည့်နေတာကို သူမမြင်လိုက်တော့ နည်းနည်းစဉ်းစားလိုက်ပြီး သူ့ဆီဖြည်းညှင်းစွာ လျှောက်သွားလိုက်တယ်။

သူ့ရှေ့မှာ အရိပ်တစ်ခုကျလာတာကို သတိပြုမိပြီးနောက် လော့ချယ်က မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး ခေါင်းမော့လိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now