ဒါပေမယ့် ခန်ယန်ယန်ရဲ့ အမြင်အရ သူမသိချင်တာကို မသိလိုက်ရပေမယ့် ကုမျန်နဲ့ ဆက်ဆံရေးကောင်းမွန်တာကလည်း ကောင်းတာပါပဲ။

တွဲဖက်သရုပ်ဆောင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာက မကောင်းတဲ့အရာမဟုတ်ပေ။

သူမအဲဒါကိုတွေးရင်း မတ်တပ်ရပ်ပြီးပြုံးလိုက်ကာ "ကုမျန် ၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတကယ်နာမည်ကြီးလာရင် အစ်မကို ညစာစားဖို့ ဖိတ်လိုက်မယ်"

“ကောင်းပြီ”

ခန်ယန်ယန်ထွက်သွားပြီးနောက် မိတ်ကပ်ပညာရှင်က ပြုံးပြီး "မိန်းကလေးကု၊ ရှင်က အရမ်းကြင်နာတတ်တာပဲ"

"အမ်?"

"ခန်ယန်ယန်ကို နှစ်သိမ့်ဖို့ အခုလေးတင် မိန်းကလေးကုပြောခဲ့တဲ့ စကားတွေက ကျွန်မ လေးလေးနက်နက်သဘောထားခဲ့တာတောင် စစ်မှန်လွန်းတယ်"

ကုမျန်က လေးနက်စွာ ပြောလာတယ်။"ဒါက နှစ်သိမ့်ပေးတာမဟုတ်ဘူး၊ အမှန်ပါ"

မိတ်ကပ်ပညာရှင်က ကုမျန်က စိတ်အခြေအနေကောင်း‌နေပြီး ဟာသမလုပ်ပဲမနေနိုင်တာလို့ ခံစားရတယ်။ "ဒါဆို မိန်းကလေးကု ရှင် ကျွန်မကို ဘယ်လိုထင်လဲ၊ ကျွန်မနာမည်ကြီးနိုင်လား"

"ခန်ယန်ယန်လောက်မကောင်းပေမယ့် ရှင်လည်း နာမည်ကြီးလိမ့်မယ်"

မိတ်ကပ်ပညာရှင်က ဒါကို အလေးအနက်မထားဘူး။ သူမက ပြုံးပြီး နောက်ပြောင်လျက် ပြောလာတယ်။ "ဒါဆို ယန်ယန်လိုပဲ ရှင့်ရဲ့ စကားကောင်းလေးတွေ တကယ်ဖြစ်လာဖို့ ကျွန်မမျှော်လင့်ပါတယ်"

ထိုအချိန် ရှောင်ကျူးက သူမလက်ထဲဖုန်းကိုင်ထားကာ ပြေးဝင်လာပြီး ကျယ်ကျယ်လောင်လောင်နဲ့ "မျန်းမျန်၊ နင့်ရဲ့ Weibo မှာ Follower 800,000 ရှိနေပြီ တစ်သန်းပြည့်တော့မယ်!"

ကုမျန်က "ကောင်းပြီ"

ရှောင်ကျူးက သူမဘေးမှာထိုင်ပြီး ပျော်ရွှင်စွာနဲ့ "ဒီတစ်ကြိမ်မှာ Hot Search ကို အားကိုးပြီး နင် လွယ်လွယ်ကူကူနဲ့ ပိုပြီးနာမည်ကြီးလာနိုင်တယ် ဒါဟာ ကောင်းမွန်တဲ့စတင်မှုတစ်ခုပဲ"

ရှောင်ကျူးရဲ့အကောင်းမြင်မှုနဲ့မတူဘဲ ကုမျန်က သူမရဲ့ အနာဂတ်အတွက် အကောင်းမြင်စိတ်မရှိပေ။ ဇာတ်ကြောင်းက ဘာကြောင့်ပြောင်းလဲသွားမှန်း သူမ မသိပေမယ့်လည်း ဇာတ်ကြောင်းကို မဖယ်ရှားနိုင်သေးပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now