Part.21 (Unicode)

83 9 1
                                    

" ဟယ်လို မောင်လေးသက္ကလား။ "

" ဟုတ်မဆုမြတ်"

" ....."

သက္ကလက်ထဲကဖုန်းပင် မနိုင်လောက်အောင်အထိ တစ်ဖက်လူ၏စကားတို့ကြောင့် အိမ်ပေါ်ကနေပြေးဆင်းလာခဲ့သည်။

ဒီရက်ပိုင်းတွေမှာ အိမ်မှာပဲနေခဲ့ပြီး ဖုန်းခေါ်တဲ့သူတိုင်းကို မကိုင်ဘဲ အိမ်ထဲမှာခွေခေါက်စွာနေလာခဲ့တာ တပတ်ပင်ကျော်လာခဲ့သည်။ ဒီအတောအတွင်း နေဘယ်လိုနေနေခဲ့သလဲ၊ နေတစ်ယောက်နေမှကောင်းရဲ့လားတွေးမိသည်။ နေ့ကိုသတိရပေမယ့် ဖုန်းမခေါ်ဖြစ်ခဲ့။ သူအလုပ်ကိုသွားလျှင် နေကသူ့မျက်နာကိုမြင်ရင် စိတ်ဆင်းရဲနေမယ်ဆိုပြီး နေ့အနီးအနားကို သူမသွားဖြစ်ခဲ့။ နေ့ကိုအရမ်းလွမ်းတဲ့အကြောင်းတွေ တဝကြီးပြောပြချင်ပေမယ့် နေ့အနားကနေပြေးထွက်လာခဲ့သူက သူကိုယ်တိုင်ပင်။

နေအထင်လွဲနေမယ်ဆိုတာကိုသိသည်။ နေငိုနေမယ်ဆိုတာကိုလဲတွေးမိသည်။ နေ့ကိုပဲချစ်တော့မယ်လို့ပြောပြီး နေ့အနားမှာမရှိပေးခဲ့တဲ့သူ။

သက်ကသမ္မာန်ဆိပ်ကိုရောက်တော့ လူကမရှိ။ နေ့လည်နေပူပူမို့ သမ္မာန်စီးတဲ့သူတွေနည်းနေတာကြောင့်လဲ ဖြစ်သည်။

" ဦးလေးသမ္မာန်တစ်စီးလုံးကျွန်တော်ငှားမယ်။ "

သက္ကသမ္မာန်ပေါ်ကိုအမြန်တက် အိတ်ကပ်ထဲလက်နိုက်လိုက်တော့ တစ်သောင်းတန်အချို့နဲ့အကြွေအချို့ပါထွက်လာသည်။

" ဒီလောက်ဆ်ိုလောက်လား။ မလောက်ရင်ကျွန်တော်ထက်ပေးပါ့မယ်။ အခုတော့ မြန်မြန်လေးထွက်ပေးပါ။ ကျွန်တော်အရမ်းအရေးကြီးနေလို့။ "

သက္ကပုံဆန်ကိုကြည့်ကာ ဦးလေးကြီးကအံ့သြနေသလို ဂရုဏာသက်တဲ့မျက်ဝန်းတွေကို မြင်နေရပေမယ့် သက္ကဂရုမစိုက်အား။ အရေးကြီးဆုံးကတစ်ဖက်ကမ်းကို အမြန်ရောက်ရန်သာဖြစ်သည်။

သမ္မာန်ပေါ်ကလူငယ်လေးသည် ပါးပြင်ပေါ်မှာမျက်ရည်များ အဆက်မပြတ်စီးကျနေတာကိုမြင်ရသည်။ အရေးကြီးနေတာမို့ ချက်ချင်းပဲစက်ကိုနှိုးကာ သမ္မာန်ကိုထွက်စေသည်။ အမြန်ဆုံးနှုန်းကိုတင်ကာ သမ္မာန်ကိုမောင်း၏။

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now