Part.20 (Zawgyi)

47 3 1
                                    

" ဟယ်လိုရောင် "

" အင်း မြတ်ပြောလေ။ "

တစ်ဖက်မြတ်ကို နေရောင်ခြည်ပြန်ထူးလိုက်သည်။ လူကနေမကောင်းတာမို့ ခေါင်းကလဲကြည်စင်မနေ။ ညဘက်တွေမှာ အိပ်ပျက်များလာတာကြောင့် လူကအိပ်ရေးကမဝ မျက်တွင်းတွေကနက်လာသည်။ ဒီရက်ပိုင်းအသက်ကလဲ အရင်ကထက်ပိုပြီး သူ့ကိုရှောင်ကျဉ်လာတာကို သိသိသာသာမြင်တွေ့ရသည်။ အသက်ကိုဖုန်းဆက်ခဲ့ပေမယ့် အသက်ဘက်ကဖုန်းမကိုင်တော့ချေ။ မြတ်နဲ့ပါသွားပြီးတဲ့နောက်ပိုင်းတွေမှာပေါ့။

အသက်ရဲ့မပြတ်သားနိုင်တဲ့စိတ်ကြောင့် ခံစားနေရသလား။ ဒါမှမဟုတ် သူ့ကိုချစ်တယ်လို့ပြောပြီး မြတ်နဲ့တွဲနေခဲ့တာကြောင့်ပဲလား။

အသက်အလုပ်ကိုမလာတာ ဒီနေ့နဲ့ဆိုနှစ်ရက်မြောက်ပင်။ ဘာကြောင့်အလုပ်ကိုမလာသလဲဆိုတာကို စာပို့ပြီးလဲမမေးခဲ့သလို၊ ဖုန်းလဲမဆက်ဖြစ်ခဲ့ပါ။ ဒီရက်ပိုင်းမှာ သူလဲအလုပ်ကိုမလာချင်ပေမယ့် ဖေဖေကအသည်းကွဲတယ်ဆိုရင်တောင် ကိုယ်လုပ်နေကျအလုပ်ကိုလုပ်ရမယ်တဲ့လေ။ ဖေဖေပြောသလိုပါပဲ။ သူအလုပ်ကိုသာလူကရောက်လာပေမယ့် စိတ်ကတော့အသက်ဘာဖြစ်နေလဲဆိုတာကို တွေးပူမိသည်။

ရုံးဆင်းတော့လဲ ဖေဖေကသာလာကြိုဖြစ်သည်။ တိုက်ခန်းကိုရောက်တော့ လူကနုံးခွေကာ ဘာမှကိုလုပ်ချင်စိတ်ရှိမနေ။ စိတ်လန်းအောင်ဆိုပြီး ရေချိုးခန်းထဲဝင်ကာ ငိုမိသည်။ ဆယ်ကျော်သက်အရွယ်မဟုတ်တဲ့သူက အသက်ကြောင့်ငိုခဲ့ရတဲ့ ရက်တွေလတွေမဟုတ် နှစ်နဲ့ပါချီခဲ့ဖူးသည်။ အသက်ကိုစိတ်ဖျက်နိုင်ပြီလားလို့ တစ်စုံတစ်ယောက်က မေးခဲ့ပါလျှင် သူအသက်ကိုစိတ်မဖြတ်နိုင်သေးပါ။ အသက်ကိုချစ်ဆဲ၊ ချစ်လတ္တံပင်။

မျက်ရည်များခမ်းခြောက်သွားအောင်အထိငိုခဲ့ပေမယ့် မျက်ရည်တွေကမကုန်နိုင်အောင်ရှိနေသေး၏။

အသက်နဲ့အတူရှိခဲ့ဖူးတဲ့အခန်းလေးထဲမှာ အသက်ရဲ့အငွေ့အသက်လေးတွေက အဖော်ပြုပေးနေဆဲပဲမို့ အသက်ကိုပိုပြီးတွေ့ချင်လာမိသည်။ သိစိတ်ထက်မသိစိတ်က ပြေးတွေ့ချင်နေပေမယ့် သိစိတ်ကထိန်းချုပ်ထားပြန်သည်။

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now