Part.4 (Unicode)

108 12 0
                                    

" လာနေ။ အိမ်ကတော့မင်းသိတဲ့အတိုင်းပဲ။ မင်းအိမ်နဲ့စာရင်တော့ အတော်လေးသေးတယ်။ မင်းနေတက်ပါ့မလားတော့မသိဘူး။ "

သဗ္မာန်ပေါ်ကနေဆင်း ရပ်ကွက်တစ်ခုကိုကျော်ဖြတ်ပြီးမှ အသက်တို့နေတဲ့ရပ်ကွက်ကိုရောက်သည်။ အသက်ကရှေ့ကနေဦးဆောင်သွားတဲ့သူမို့ ပတ်ဝန်းကိုထွေထူးအရေးလုပ်ပြီးကြည့်နေပုံမပေါ်။ နေရောင်ခြည်ကတော့ မမြင်ဖူးတဲ့အခုလိုရပ်ကွက်ငယ်တစ်ခု။ သာမာန်လူတန်းစားတစ်ရပ်နေတဲ့ရပ်ကွက်ငယ်ဆိုပေမယ့် ကွန်ကရစ်လမ်းခင်းထားတာမို့တော်သေးတယ်ဆိုရမည်။

အိမ်ကလေးကကျဥ်းပေမယ့် အထဲမှာတော့သပ်သပ်ရပ်ရပ်နဲ့ ပစ္စည်းတွေကလဲ သူ့နေရာနဲ့သူရှိနေသည်။ ဘုရားစင်အောက်မှာ အိပ်ယာငယ်လေးတစ်ခု။ ဒါကအသက်အိပ်ယာလေးဆိုတာ နေရောင်ခြည်မမေးပဲသိပါသည်။

ခနဆိုကာ အသက်ကနောက်ဖေးကိုပြေးဝင်သွား၏။ သူကတော့အသက်အိပ်ယာဘေးလေးမှာ ငုတ်တုတ်ထိုင်ကာကျန်ခဲ့သည်။

" အင်း...မီးကမလာတော့ မီးသွေးနဲ့ပဲချက်ရတော့မှာပေါ့။ "

မီးခိုးတလုံးလုံးကြားထဲကနေပြန်ထွက်လာတဲ့ အသက်ကညီးညူးဟန်နဲ့ပြောလာသည်။

နေကသူ့ကိုမြင်တာနဲ့ ခွီခနဲရယ်လိုက်တာကိုတွေ့လိုက်ရသည်။

" ငါ့မျက်နာဘာတွေပေနေလို့လဲ။ "

အသက်ကပေရေနေတဲ့သူ့လက်ကအမည်းတွေကိုသတိမေ့ကာ မျက်နာကိုလက်နဲ့ပွတ်လိုက်တဲ့အခါ အသက်မျက်နာတစ်ပြင်လုံးမီးသွေးအမည်းကြောင့် ပိုမည်းသွားတော့သည်။

" ဟား ဟား "

အသက်ရဲ့မျက်နာလေးကအူလည်လည်ပုံစံလေးရယ်၊ မည်းညစ်နေတဲ့မျက်နာလေးဖြစ်နေတာတောင် ချစ်စရာကောင်းနေတုန်း။
နေရောင်ခြည် အသက်ကိုကြည့်ပြီး ဗိုက်ကိုလက်နဲ့နိပ့်ကာ အော်ရယ်တော့သည်။

သက္ကသူ့ကိုလက်ညှိုးထိုးကာ အားရပါးရအော်ရယ်နေတဲ့ နေ့ကိုကြည့်ပြီးနားမလည်နိုင်ချေ။ နေ့ကိုမျက်နာမှာဘာတွေပေနေလဲလို့မေးပြန်တော့လဲ နေကမဖြေဘဲရယ်ပဲရယ်နေတော့သည်။

" နေကလဲကွာ။ ငါ့မျက်နာမှာတစ်ခုခုပေနေတယ်မလား။ "

" အင်း...ပေနေတယ်။ ပေနေတာမှအများကြီးပဲ။ "

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Nơi câu chuyện tồn tại. Hãy khám phá bây giờ