Part.8 (Unicode)

113 9 1
                                    

" ဟယ်လို မောင်ရေ။ အခုဘယ်နားရောက်ပြီလဲ။ မြတ်စောင့်နေရတာကြာပြီ။ "

မိန်းမမြတ်တစ်ယောက် အလုပ်တွေကို ပစ်ထားကာ မောင်ပြန်လာမယ်ဆိုတာကြောင့် အလှဆုံးပြင်ဆင်ကာ မောင်နဲ့ချိန်းထားတဲ့ အအေးဆိုင်လေးမှာထိုင်စောင့်နေခဲ့တာ။ အခုဆို တစ်နာရီနီးပါးလောက်တောင်ကြာနေပေမယ့် မောင်ကအခုချိန်အထိရောက်မလာခဲ့သေးပါ။ မောင်ကသူ(မ)အတွက် လုံးဝအံ့သြစရာစပရိုက်အဖြစ် မောင်နဲ့အတူပါလာသတဲ့လေ။ သူ(မ)မှာ ဘယ်လောက်တောင်ရင်ခုန်စိတ်လှုပ်ရှားနေရသလဲ။ စိတ်လှုပ်ရှားလွန်းလို့ မှာထားတဲ့ ဗထာပတ်သီးဖျော်ရည်လေးတောင် ဖန်ခွက်ထဲမှာကုန်လုလုဖြစ်နေသည်။

သိပ်မကြာပါမောင်ရောက်လာခဲ့တယ်။

" မောင် "

မိန်းမမြတ် မောင့်ကိုအသံပြုကာလက်ပြလိုက်တော့ မောင်ကအပြုံးလှလှလေးတစ်ခုနဲ့တုန့်ပြန်လာလေသည်။

" မြတ် sorryကွာ။ မောင်အရမ်းနောက်ကျသွားတယ်။ လေယာဥ်ဆိုက်တာကလဲနောက်ကျသလို ကားတွေကလဲအရမ်းပိတ်နေတော့လေ။ "

မောင်ကသူ(မ)ရှေ့ကခုံလေးမှာဝင်ထိုင်ရင်း တောင်းပန်စကားဆိုလာသည်။ မိန်းမမြတ်မောင့်ကိုအလှပဆုံးလေး ပြုံးပြလိုက်ပြီး ခေါင်းကိုငြင်သာစွာခါရမ်းပြလိုက်တယ်။

မောင်ကကျွန်မရဲ့လက်ဖဝါးကိုအုပ်ကိုင်လိုက်တယ်။ နောက်ပြီး ကျွန်မကိုမျက်လုံးကိုခနပ်ိတ်ထားရန်ပြောသည်။ ကျွန်မကဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်တော့ မောင်ကပြုံးသာပြုံးနေလေရဲ့။ ကျွန်မဘေးနားက ဝိုင်းတွေကိုမသိမသာငဲ့စောင်းကာကြည့်မိတော့ သူမတို့ဝိုင်းကိုကြည့်နေကျတဲ့ကောင်မလေးတွေရဲ့အကြည့်။ အခြားဝိုင်းကကောင်မလေးတွေရဲ့အကြည့်က ကျွန်မဆီမှာရှိမနေခဲ့။ မောင့်ဆီမှာသာစုပြုံကြနေသည်။ မောင်ဝင်လာကတည်းက မောင့်ကိုသာကြည့်နေတဲ့အကြည့်တွေကို သူမမြင်တွေ့ရပါသေးတယ်။ ကျွန်မသဝန်တိုလားလို့ မောင်ကမေးလျှင် ကျွန်မခေါင်းကိုခါရမ်းပြီး "အင့်ဟင်"လို့ဖြေမိမယ်ထင်သည်။ ဘာလို့လဲဆို မောင့်လိုခပ်ချောချော ကောင်လေးကို ကောင်မလေးတွေငေးနေတာ သဘာဝပဲလေ။ မောင်နဲ့ကျွန်မတက္ကသိုလ်တက်ချိန်မှာ ချစ်သူတွေဖြစ်ခဲ့တာလေ။ တက္ကသိုလ်ကျောင်းသားဘဝထဲက ချစ်သူတွေဖြစ်လာတာ အခုနဲ့ဆို မောင်နဲ့ကျွန်မရည်းစားသက်တမ်းက ၅နှစ်ကျော်လို့၆နှစ်ထဲတောင်ရောက်လို့နေပြီလေ။ ကနေဒါလိုနိုင်ငံက နိုင်ငံခြားသူလေးတွေနဲ့တောင် သဝန်မတိုတက်တဲ့ကျွန်မက မြန်မာနိုင်ငံကကောင်မလေးတွေနဲ့ဆို ပိုပြီးတော့တောင်ဝေးပါသေးတယ်။

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now