Part.13 (Zawgyi)

34 3 0
                                    

" မောင်ရင်တောင်ရောက်လာပြီးလား။ မောင်ရင့်အဖေကောပါမလာဘူးလား။ "

" ဟုတ်တယ်ဦးဝင်းမြိုင်။ ဖေဖေကသွေးအရမ်းတိုးနေလို့ ဦးလေးရဲ့ပါတီပွဲကိုရောက်မလာနိုင်လို့ တောင်းပန်စကားဆိုလိုက်ပါတယ်။ "

" ဒယ်ဒီနဲ့babyက အရင်ထဲကအသိတွေလား။ "

" နေရောင်ခြည်အဖေနဲ့ဒယ်ဒီက သိပ်ရင်းနှီးတဲ့မိတ်ဆွေတွေလေ။ အခုသတိုးကရောက်မလာနိုင်လို့ သူ့ရဲ့သားတော်မောင်ကိုလွှတ်လိုက်ပုံရတယ်။ နေရောင်ခြည်က အခုဆိုသူ့အဖေရဲ့လုပ်ငန်းတွေမှာ ဝင်ပြီးလုပ်ကိုနေပြီလေ။ မင်းသာအသုံးမကျလို့အခုထိ ငါ့စီးပွားရေးတွေမှာ လုပ်မကူတာဒေးဗစ်။ "

ဦးဝင်းမြိုင်က သားဖြစ်သူကို မျက်ထောင့်နီကြီးနဲ့ကြည့်ကာ စူပူလိုက်ပေမယ့် ဒေးဗစ်ကတော့ ပေါ့ပေါ့ပါးပါးပင်။ အဖေဖြစ်သူကိုပခုံးနှစ်ဖက်တွန့်ပြလို့ အေးဆေးပဲပေါ့ဆိုတဲ့အထာနဲ့ပင်။ ဦးဝင်းမြိုင်တို့သားအဖနှစ်ယောက်ကိုကြည့်ကာ နေရောင်ခြည့်မှာရယ်မိရသေးသည်။ ဒေးဗစ်တို့သားအဖနှစ်ယောက်ဟာ သားအဖလို့ဆိုပေမယ့် တကယ်တမ်းကျသူငယ်ချင်းတွေလိုပင်။

ဒေးဗစ်တို့သားအဖနှစ်ယောက်နဲ့ပွဲကျနေတာမို့ အသက်ကိုတောင်မေ့လုလုအချိန်။ နေရောင်ခြည်ဘေးနားကို ဝေ့ဝဲကြည့်တော့အသက်ရဲ့အရိပ်အယောင်ကိုမတွေ့ရချေ။ အသက်ဘယ်ရောက်သွားလဲဆိုပြီး ရှာကြည့်တော့ သကောင့်သားလေးက ခြံထောင့်ရဲ့တစ်နေရာမှာ ဆေးလိပ်ကိုအံခဲလို့နေတာကိုတွေ့ရသည်။ နေရောင်ခြည် ဦးဝင်းမြိုင်တို့သားအဖနှစ်ယောက်ကို ခနဆိုပြီးထွက်လာခဲ့သည်။ အသက်လက်ကြားထဲကဆေးလိပ်ကို သူယူပြီးတစ်ဖွာလောက်ဖွာလိုက်သည်။ ထိုအခါအသက်ကသူ့ကိုကြည့်လာတဲ့မျက်ဝန်းတွေက အလိုမကျမှု့ပေါင်းများစွာနဲ့။

" မင်းဘယ်တုန်းကဆေးလိပ်သောက်တက်တာလဲနေ။ "

သက္ကအလိုမကျတဲ့မျက်ဝန်း၊ စိတ်တိုမှု့တွေကြောင့် အသံကအနည်းငယ်ကျယ်သွားကာ တင်းမာလို့နေသည်။

" အင်း ဒီလိုပဲ။ တစ်ခါတလေစိတ်ညစ်တဲ့အခါမျိုးတွေမှာဆို ငါဆေးလိပ်သောက်ဖြစ်တယ်။ အများကြီးတော့မဟုတ်ပါဘူး။ "

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now