Part.12 (Unicode)

86 8 0
                                    

" အသက်ရေ။ ငါညစာစားပွဲလေးတစ်ခုသွားစရာရှိလို့။ "

တစ်ဖက်ကဖုန်းကိုင်လိုက်တာနဲ့ နေရောင်ခြည်ပြောလိုက်တယ်။ အချိန်အားဖြင့် ည၈နာရီစွန်းစွန်းပင်။

" အင်း လာခဲ့မယ်လေအခု။ "

" မင်းမလာခဲ့နဲ့။ ငါလာကြိုမယ်။ အဲ့ဒီကနေမှ ငါတို့အတူသွားကြတာပေါ့။ "

တိခနဲကျသွားတဲ့ ဖုန်းလေးကို သက္ကကြည့်နေမိသည်။ နေ့လည်ကကိစ္စနဲ့ နေကတစ်နေ့လည်လုံးသူ့ကိုစကားမပြောခဲ့။ နေခေါင်းမကြည်မှာဆိုးလို့ သွားပို့ခဲ့တဲ့ သံပုရာဖျော်ရည်လေးကိုတောင် တစက်မှမတို့မထိခဲ့။ ဒါဟာ နေကသူ့ကိုစိတ်ဆိုးနေတယ်ဆိုတာကို ရိပ်မိခဲ့သည်။ ရုံးဆင်းတော့လဲ နေကသူ့ကိုတောင် ဘာမှမပြောဘဲ ရုံအစောဆင်းသွားသေး၏။ အိမ်ပြန်ရောက်ထဲက သက္ကတစ်ယောက်စိတ်ကြည်မနေခဲ့ပါ။ အခုတော့ နေကသူ့ကိုအရင်ဖုန်းဆက်လာသည်။ နောက်ပြီးဘာတစ်ခွန်းမှ အပိုမဆိုပဲ ဖုန်းကိုချပစ်လိုက်ပြန်တယ်။ သက္ကအတွေးစတို့ကိုရပ်တန့် နေကညစာစားပွဲသွားမယ်ဆိုတာကြောင့် ဝတ်စုံတစ်စုံကိုထုတ်လိုက်တယ်။ နောက်ကိုယ်ပေါ်ကအဝတ်အစားတို့နဲ့လိုက်ထက်မှု့ ရှိမရှိကို မှန်သေးသေးလေးမှာပြန်ကြည့်ရသည်။ နေသြဇီကအပြန်ဝယ်လာတဲ့ရေမွှေးသူ့ကိုလက်ဆောင်ပေးထားတာကို သတိတရနဲ့အနည်းငယ်စွတ်ပျံ့လိုက်ပါသေးတယ်။

ဒီလောက်ဆို သူ့သူငယ်ချင်းလေးစောင့်နေတော့မည်ဖြစ်သည်။

" အမေ့ သားအပြင်သွားအုံးမယ်။ နေစောင့်နေတာမို့။ "

" ဟယ်...သားနေပြန်ရောက်နေတာလား။ "

သက္ကမေမေ့ကို နေပြန်ရောက်နေကြောင်းကိုမပြောဖြစ်ခဲ့တာမို့ မေမေ့ကအံ့သြသွားပုံရသည်။ မေမေ့အမေးကို သူခေါင်းညိတ်ပြလိုက်သည်။

" သားနေကိုတစ်ရက်လောက် အိမ်ခေါ်ခဲ့အုံးလေ။"

" ဟုတ်ကဲ့မေမေ။ "

သူမေမေ့ကိုနှုတ်ဆက်ကာ တစ်ဖက်ကမ်းကိုကူးရတော့သည်။

တစ်ဖက်ကမ်းအစပ်မှာ နေကသူ့ကိုစောင့်နေတာကို ကမ်းဘောင်ပေါ်မှာနေရပ်နေတာကိုမြင်ရသည်။ နေကသူ့ကိုလက်လှမ်းပြသည်။ သက္ကလဲနေ့ကိုလက်ပြန်ပြလိုက်တယ်။

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now