Part.2 (Unicode)

157 15 2
                                    

" အ​့ ဆောရီး"

မင်းသက္ကစာအုပ်ကိုမျက်လုံးကမခွာ။ ကော်ရစ်တာမှာလူတစ်ယောက်ကို ဝင်တိုက်မိတာကြောင့် လက်ထဲကပြုတ်ကျသွားတဲ့စာအုပ်နဲ့အတူ ထမင်းချိုင့်လေးထဲက ထမင်းနဲ့ဟင်းက ထိုသူ၏ခြေထောက်ပေါ်မှာ ပျံ့ကျဲလို့။ သင်ပြီးသွားတဲ့စာအချို့ကို လမ်းသွားရင်းဖတ်လာတာမို့ ရှေ့ကလူကိုမမြင်လိုက်မိတာသူ့အမှားပင်။

ချိုင့်ထဲကပါလာသမျှအရာကို မနှမျောနိုင်သေးတစ်ဖက်လူကိုတောင်းပန်လိုက်သည်။ တစ်ဖက်လူကိုမော့ကြည့်လိုက်တော့ သူ့ကိုမီးတောက်နေတဲ့မျက်လုံးတစ်စုံကိုတွေ့လခုက်ရသည်။

" နင်တမင်လုပ်တာမဟုတ်လားသက္က။ "

" မဟုတ် "

ဖြန်းခနဲမြည်သံနဲ့အတူ ပူကျင်သွားတဲ့ပါးတစ်ဖက်ကိုလက်နဲ့အုပ်ကိုင်ကာ လူကဒေါသကထောင်းခနဲ။ စကားဆုံးအောင်တောင် ရှင်းပြချိန်မရလိုက်တာကြောင့် လူကနည်းနည်းတော့ခံပြင်းမိသား။ ဒါပေမယ့်ဘယ်တက်နိုင်ပါ့မလဲ။ သူ့ဘက်ကစမှားတာမို့ သည်းခံကာခေါင်းငုံ့နေလိုက်သည်။ ဟိုတစ်ခုဒီတစ်ခုဖြစ်နေတဲ့ ထမင်းချိုင့်လေးနှစ်ဆင့်။ ချိုင့်ကိုင်းကတစ်နေရာမို့ သူကောက်ယူလိုက်တော့ ထင်မှတ်မထားတဲ့ လုပ်ရပ်တစ်ခုကို တစ်ဖက်လူကပြုမှုသွား၏။

" ကြည့်စမ်း နင့်ရဲ့ရွံစရာဟင်းအဆီတွေ ငါ့အဝတ်အစားတွေပေါ်မှာ စွန်းထင်းကုန်ပြီ။ ဒီအဝတ်အစားက ဘယ်လောက်တန်သလဲနင်သိလား။ နင်ကဘယ်သိမလဲ။ ဒီလိုစျေးကြီးတဲ့ ကျောင်းဝတ်စုံကို နင်မြင်တောင်မြင်ဖူးမယ်မဟုတ်။ ဒီဖိနပ်တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာနင်သိလား။ ဒါလဲသိမှာမဟုတ်ဘူး။ နင့်မိသားစုရဲ့တသ်လဝင်ငွေထက်ကို အများကြီးရှိတယ်။ "

မိန်းမမြတ်သူမ၏အဝတ်အစားကို ပေအောင်လုပ်တဲ့သူ၏မျက်နာကို တစ်ချက်ရိုက်လိုက်တယ်။ နောက် သူမ၏ပေရည်သွားတဲ့အဝတ်အစားကိုကြည့်ပြီး စိတ်ပျက်သွားမိတယ်။ အဆိုးဆုံးကတော့ဖိနပ်။ သူမမွေးနေ့တုန်းက ဖေဖေက ကုန်တိုက်ကနေဝယ်လာပေးတဲ့ဖိနပ်။ စျေးကသိန်းချီတာမို့ ဒီနေ့မှသူမကလဲ ကံဆိုးချင်တော့ ဝတ်လာမိတာ။ သူမခြေထောက်အောက်ရောက်နေတဲ့ ချိုင့်တစ်လုံးကိုကန်ထုတ်ပစ်လိုက်တယ်။ အခြားသူဆိုရင် သူမဒီလောက်အထိလုပ်မိလိမ့်မယ်မထင်။ ဒါကလဲသက္ကမို့ သူမလုပ်ဖြစ်သွားတာဖြစ်မည်။

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now