Part.15 (Unicode)

118 8 0
                                    

နေရောင်ခြည်ကားမှန်ကိုချထားလိုက်ကာ အပြင်ဘက်ကိုငေးကြည့်နေမိသည်။ ရန်ကုန်မြို့ကြီးဟာ သူမရှိတဲ့၆နှစ်တာကာလမှာ အများကြီးပြောင်းလဲသွားခဲ့ပြီလေ။ အရင်ကထက် လူဦးရေသိပ်သည်းလာပြီး ကားတွေလဲသိပ်ကြပ်လာသည်။ ကားကတစ်နေရာကတစ်နေရာရောက်ဖို့ကို အတော်လေးကြာသည်။ မီးပွိုင့်တွေဟာလဲ များလာသည်။ ရန်ကုန်မြို့ကြီးဟာ သူ့အတွက်စိမ်းကားလွန်းနေသည်။ ဘေးနားမှာရှိတဲ့အသက်ကောပေါ့လေ။

" မင်းဘာတွေအတွေးများနေလဲနေ"

သူ့အနားရှိတဲ့နေဟာ အမြဲတမ်းလိုလိုအတွေးများနေတက်တာကို သက္ကသတိထားမိသည်။ နေကခေါင်းကိုအသာခါရမ်းပြလာတယ်။ ဒါပေမယ့်နေ့မျက်နာဟာ ကားမှန်အပြင်ကိုသာလှည့်ထားပြီး သူ့ဘက်ကိုတောင်လှည့်ကြည့်မလာခဲ့။

" ဒီအတိုင်းပါပဲအသက်ရာ။ ငါတို့တွေအရွယ်ရောက်လာခဲ့တယ်။ အကြောင်းအရာအချို့ကြောင့် ငါတို့ချစ်ရတဲ့သူအနားကနေ ပြေးထွက်ကြရတယ်။ ငါချစ်တဲ့ရန်ကုန်မြို့ကြီးကနေလဲ ပြေးထွက်ခဲ့ဖူးတယ်။ အချိန်အကြာကြီးပေါ့။ အခုငါပြန်ရောက်လာတော့ ရန်ကုန်မြို့ကြီးကလဲ အများကြီးပြောင်းလဲသွားတယ်နော်။ "

နေကတွေးစစလေးနဲ့ပြောလာတာမို့ သက္ကခေါင်းသာညိတ်ပြလိုက်တယ်။ နေကအတွေးများတက်တယ်။ တည်ငြိမ်ရင့်ကျက်တဲ့သူတစ်ယောက်။ အပြိုင်အဆ်ိုင်ကင်းမဲ့တဲ့လူသားလေးတစ်ဦးဆိုလဲမမှား။ နေကအမြဲအနေအေးတယ်။ စကားပြောသွက်လွန်းပြီး စကားများတက်တဲ့ယုန်ပေါက်ကလေး။ အစားမက်တဲ့ကောင်လေးက အရင်ကလို မစားတော့။ နေ့ရဲ့အကြောင်းပြချက်က ဝိတ်တက်မှာဆိုးလို့တဲ့။

နေကကြည့်ကောင်းတာထက်ပိုကြည့်ကောင်းလာတယ်။ ဖွေးဥဥအသားအရေဟာ ပိုပြီးဖွေးဥလာတဲ့အထိပင်။ ငယ်ရုပ်ကလေးပျောက်နေပေမယ့် နေကချစ်စရာကောင်းနေတုန်းပဲလို့ မြင်မိတယ်။

ဘုရားမရောက်ခင် မနက်စာစားရန်ဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်။ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်က ထမင်းဆိုင်လေးမှာပေါ့။ မနက်စာလို့သာဆိုတယ် အချိန်က၉နာရီထိုးလုပြီလေ။

" နေမှတ်မိသေးလား။ "

" ဘာကိုလဲ။ "

" ဒီဆိုင်လေးကိုလေ။ ငါတော့ဘုရားရောက်တိုင်း ဒီမှာပဲထမင်းစားဖြစ်တယ်။ ဒီဆိုင်လေးကမင်းနဲ့ငါ့ရဲ့ အမှတ်တရတွေထဲက အမှတ်တရတစ်ခုလေ။ "

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now