Part.9 (Unicode)

91 8 0
                                    

နေရောင်ခြည်ရဲ့အိမ်အပြန်လမ်းဟာ ပျော်ရွှင်ဖွယ်ရာမရှိ။ နေ့အလင်းရောင်ကိုတောင် မခံစားမိ။ ရန်ကုန်ရာသီဥတုက ပူလောင်တယ်လို့ခံစားမိသည်။ ရင်ထဲကအပူလောက် အပြင်လောကကြီးရဲ့အပူဟာ မယှဥ်ဖွယ်နိုင်ရာ။

ကားထဲကနေ အပြင်လေကိုရှုရှိုက်ရင်း လွန်ခဲ့တဲ့နှစ်တွေဆီက အတိတ်တို့ဆီ နေရောင်ခြည်အတွေးတို့ဖြန့်ကျက်မိသည်။

" နေ ငါမိန်းမမြတ်ကိုချစ်မိနေပြီထင်တယ်။ "

" ဟင် "

အသက်ကပြောစရာရှိလို့ဆိုတာမို့ နေရောင်ခြည်အသက်ခေါ်ဆောင်ရာ ကြည့်မြင်တိုင်ကမ်းနားလမ်းက ပန်းခြံကိုရောက်ခဲ့သည်။ ကြည့်မြင်တိုင်ကမ်းနားဟာ သူဖြတ်သွားခဲ့တာ အကြိမ်ကြိမ်အခါခါဆိုပေမယ့် အခုချိန်အထိတစ်ခါမှမဝင်ဘူး။ မနက်ဆိုရင် လမ်းလျှောက်ထွက်တဲ့လူတွေနဲ့စည်ကားလှသည်။ မနက်ခင်းမှာအားကစားလုပ်တဲ့သူတွေအပြင် ကလေးအချို့ကလဲ လေ့ကျင့်ခန်းလုပ်နေကျသည်။ ဆယ်တန်းဆိုတဲ့ဂုဏ်ပုဒ်နဲ့အတူ သူတို့နှစ်ယောက်လုံး စာကိုသာအာရုံစိုက်ဖြစ်ကြသည်။ အသက်ရယ် သူရယ်မိန်းမမြတ်ရယ်ပေါ့။ အသက်နဲ့မိန်းမမြတ်ဟာလဲ ကိုးတန်းနှစ်ကုန်လောက်မှာ အရင်လိုရန်သူတွေလိုမကြည့်တော့ သူငယ်ချင်းတွေအဖြစ် တဖြည်းဖြည်းရင်းနှီးလာခဲ့ကြသည်။ အသက်ရယ်သူရယ်က ကျူရှင်မတူပေမယ့် မိန်းမမြတ်နဲ့အသက်ကတော့ ကျူရှင်တူကျသည်။ တဖြည်းဖြည်းရင်းနှီးလာခဲ့ကြတဲ့သူတို့နှစ်ယောက်မှာတော့ နေရောင်ခြည်ဟာ ဘေးလူအဖြစ်သို့ တဖြည်းဖြည်းရောက်ခဲ့သလိုခံစားလာရသည်။

ညနေရဲ့နေအလှဟာ ကမ်းနားလမ်းပန်းခြံကနေ သူတို့နှစ်ယောက်ရဲ့မျက်နာပေါ်ကျရောက်နေတယ်လို့ခံးစားရသည်။ ဝါကျင်ကျင်ပုစွန်ဆီရောင် နေလုံးကြီးဟာ အနောက်အရပ်မှာတည်ရ်ှိလို့နေသည်။ ကမ်းနားလမ်းသမ္မာန်ဆိပ်ကြီးထဲမှာ သွားလာကူးခတ်နေတဲ့ သမ္မာန်၊ သင်္ဘောကြီးတို့ဟာ လှိုင်းလုံးကြားထဲမှာ တဂျုတ်ဂျုတ်နဲ့ခုတ်မောင်းလို့နေသည်။ အနောက်အရပ်ကိုဝင်တော့မည့် နေလုံးကြီးဟာ သူနဲ့အတူအသည်းကွဲနေသယောင်ယောင်။ အသက်ဆီကစကားတို့က နေရောင်ခြည်ဆိုတဲ့ သူအတွက် လှိုင်းလုံးကြားမှာ အသည်းသန်ခုတ်မောင်းနေတဲ့ သင်္ဘောငယ်လေးတစ်စီးလိုပင်။

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now