Part.6 (Unicode)

94 8 0
                                    

ညနေကျောင်းဆင်းခေါင်းလောင်းသံကြားတာနဲ့ နေရောင်ခြည် အသက်ရှိရာခုံဆီကိုရောက်သွားခဲ့တယ်။ မနက်ကအသက်ပြောသလို ရွှေတိဂုံဘုရားကိုလိုက်ပို့ဖို့လေ။ အသက်ကလွယ်အိတ်ထဲကို စာအုပ်တွေထည့်လို့ သူ့ကိုတောင်မော်မကြည့်အားခဲ့။

" ဒေါက် ဒေါက်"

နေရောင်ခြည်ခုံကိုနှစ်ချက်ဆင့်ခေါက်လိုက်တော့မှ အသက်ကမော့ကြည့်လာတယ်။ အပြုံးတစ်ခုနဲ့ပေါ့။ ခနပါပဲ အသက်မျက်နာကချက်ချင်းဆိုသလို ပြန်တည်သွားတာကိုလဲ သတိထားမိလိုက်တယ်။

အသက်ကြည့်လိုက်တဲ့ သူ၏နောက်ပါးဆီကို နေရောင်ခြည်လှည့်ကြည့်လိုက်တော့ မိန်းမမြတ်ကိုတွေ့လိုက်ရတယ်။

" ရောင် ငါအပြင်သွားချင်လို့လိုက်ပို့ပေးပါ့လား။ "

မိန်းမမြတ်တမင်ပင် ချွဲနွဲ့ကာဆိုပြီး နေရောင်ခြည်လက်မောင်းကိုကိုင်လှုပ်နေလိုက်တယ်။

သက္ကကြည့်လိုက်တော့ မိန်းမမြတ်ကမျက်စောင်းတစ်ချက်ထိုးကာ အဓိပ္ပါယ်ပါတဲ့အကြည့်နဲ့သူ့ကိုပြန်ကြည့်လာတယ်။

အသက်ကိုကြည့်လိုက်တော့အသက်က စိတ်မဝင်စားဟန်နဲ့ စာအုပ်တွေကိုသာဆက်သိမ်းနေ၏။

" ငါအပြင်သွားစရာရိီတယ်အသက်နဲ့။ "

ရောင့်စကားကြောင့် မျက်နာပျက်ယွင်းသွားသူကမိန်းမမြတ်ပင်တည်း။ ချက်ချင်းဆိုသလို ပြည်လည်အပြုံးတုတစ်ခုကိုဖန်တီးရင်း သူမပါလိုက်ချင်ကြောင်းပြောလိုက်တယ်။

" ငါလဲလိုက်ခဲ့မယ်လေ။ လမ်းလဲသင့်နေတာကို။ "

ဘယ်ကိုသွားမယ် ဘာလုပ်မယ်ဆိုတာတောင်မသိသေးတဲ့အသက်။ လမ်းသင့်၏ဆိုပြီးလိုက်ချင်နေတဲ့သူငယ်ချင်းမလေး။

" ခေါ်ခဲ့လိုက်ပါနေရာ။ သူလဲလမ်းသင့်နေတယ်ပြောတာပဲ။ "

" အသက်ကလဲကွာ။ "

သူငယ်ချင်းမလေးက သူတို့နှစ်ယောက်နဲ့အတူ လမ်းမသင့်လဲ လမ်းသင့်တယ်ဆိုပြီးလိုက်ချင်နေပြန်သည်။ နေရောင်ခြည်မခေါ်ချင်ပေမယ့် အသက်ကတော့ နားအေးအောင်ခေါ်လိုက်လို့အကြံပြုနေပေမယ်....

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now