Part.1. (Zawgyi)

118 4 0
                                    

ကလောင် ကလောင်

ကျောင်း၏ခေါင်းလောင်းသံကြားတာနဲ့ အဖြူအစိမ်းနဲ့ကျောင်းသားအားလုံးသည် မိမိတို့အတန်းရှိရာသို့ အသီးသီးဝင်ကုန်ကြလေသည်။ အတန်းထဲရောက်တာနဲ့ ဆရာမဝင်သေးတာကြောင့် တစ်ယောက်တစ်ပေါက်ဆူညံသံတို့က အတန်းထဲမှာကျယ်လောင်စွာပေါ်ထွက်နေကြသည်။

ဖြန်း ဖြန်း

ကျောင်းသားအားလုံးသည် ဆရာဝင်လာတာကိုမမြင်၊ လူစုကာစကားပြောနေကြတာမို့ အတန်း၏တိတ်ဆိတ်ခြင်းကို ဆရာမကခုံကိုတုတ်နဲ့ရိုက်ကာ ဆူညံခြင်းကိုရပ်တန့်စေသည်။

ကျောင်းသားများသည် ဆရာမဝင်လာတာနဲ့ အားလုံးဟာတညီတညာထဲနှုတ်ဆက်ကြသည်။

" မင်္ဂလာပါဆရာမ။ "

" မင်္ဂလာပါကွယ် "

ဒေါ်ကေခိုင်မိုးသည် သူမတာဝန်ကျရာဒီအခန်းလေးထဲကိုဝင်လာတော့ ကျောင်းသားတွေရဲ့ စကားသံဟာ ဆူညံနေတာမို့ သူမရှိကြောင်းကိုသတိပေးလိုက်တယ်။ နောက်ကလေးတွေ၏နှုတ်ဆက်သံကို သူမပြန်လည်အသိအမှတ်ပြုလိုက်တယ်။

" သားလာလေ။ ဝင်ခဲ့။ "

ဆရာမ၏အပြုံးနဲ့ လက်ယက်ခေါ်မှု့ကြောင့် အခန်းထဲကိုတွန့်ဆုတ်စွာဝင်လာတဲ့ကျောင်းသား။ ဝတ်စားထားတဲ့အဖြူနဲ့အစိမ်းက အသစ်မဟုတ်ပေမယ့် ခေါက်ရိုးကျိုးအောင်လက်နဲ့သေသပ်စွာခေါက်ထားပုံရသည်။ လွယ်အိတ်ကြိုးကို လုံးချေကာစိတ်လှုပ်ရှားနေပုံရသည်။

ဆံပင်တို့သည်ဖြီးသင်ထားခြင်းမရှိတာရယ် အုန်းဆီလူးမထားတာရယ်ကြောင့် ရှုပ်ပွနေတဲ့သူ၏ဆံပင်တို့ဟာ ငှက်သိုက်ကြီးတစ်ခုလိုပင်။

မနက်ဆိုအစောကြီး အမေ့ကိုဈေးကူခင်းပေးရတာရယ်၊ မနက်ကိုသူမရင်းနှီးတဲ့ကျောင်းကိုစတက်ရတော့မည့်အရေးကိုတွေးကာ မင်းသက္ကညကတော်တော်နှင့်အိပ်မပျော်ပါ။ အဖေတာဝန်ကျရာနေရာကိုလိုက်ရတာမို့ တစ်နှစ်ကိုအနည်းဆုံးကျောင်းနှစ်ခါလောက်တော့ပြောင်းရသည်။ အဖေကသာမာန်အစိုးရဝန်ထမ်းဖြစ်တာမို့ အဖေတာဝန်ကျရာနောက်ကို သူတို့သားအမိကလိုက်ရစမြဲပင်။

" သူ့နာမည်က မင်းသက္ကတဲ့။ ဒီနှစ်မှရန်ကုန်ကိုပြောင်းလာကြတာ။ သားတို့သမီးတို့ကသူငယ်ချင်းကို လိုအပ်တာကူညီပေးကြနော်။ သူမမှီလိုက်တဲ့စာတွေကိုလဲ ကူပေးလိုက်ကြအုံး။ "

အချစ်ကနေရောင်ခြည်လိုနွေးပါတယ် (Ongoing) (ခေတ္တရပ်နား)Where stories live. Discover now