သို့သော် လီဟောင်က သူမကို လျစ်လျူရှုထားပြီး နဉ်ရှီကိုသာ စိုက်ကြည့်နေခဲ့သည်။

“ပြောရရင် ကျွန်မ ကျောင်းမသွားဖြစ်ခဲ့တာ တစ်လလောက်ရှိပြီလေ..” နဉ်ရှီက ခါးသက်သက်ပြုံးရင်း.. “အဲ့မတိုင်ခင် ကျွန်မ ကျောင်းမှာ အနိုင်ကျင့်ခံရပြီး စတိုခန်းထဲ သော့ပိတ်ခံခဲ့ရတယ်.. ကျွန်မအဖေက ကျွန်မကို လိုက်ရှာရင်း ကားအက်စီးဒန့်ဖြစ်ပြီး ဆုံးပါးသွားရတယ်.. အဲ့ကိစ္စတွေဖြစ်ပြီးတော့ ကျွန်မရဲ့ စိတ်အခြေအနေက သိပ်အဆင်မပြေခဲ့ဘူး.. အဲတာကြောင့် ကျွန်မရဲ့အမေက ကျွန်မကို စိတ်ပူပြီး ကျောင်းနားခိုင်းခဲ့တာ..”

ထိုစဉ်ကဖြစ်ရပ်များကို ကြိမ်ဖန်များစွာ ပြန်တွေးကြည့်ခဲ့ဖူးသည်။ သူမသာ စတိုခန်းထဲ အပိတ်မခံခဲ့ရလျှင် သူမ၏ဖခင်သည် ကားအက်စီးဒန့်ကြောင့် အသက်ဆုံးပါးရမည် မဟုတ်ပေ။ သူမ၏ မိခင်ဖြစ်သူလည်း ယခုလို သံသယဖြစ်ဖွယ်အခြေအနေမျိုးဖြင့် သေဆုံးရလိမ့်မည် မဟုတ်ပေ။

ထိုအတန်းဖော်များကို အရမ်းမုန်းသလို သူမကိုယ်သူမလည်း မုန်းတီးမိသည်။ စိတ်ထိခိုက်ခြင်းများနှင့်အတူ အနှီအမုန်းတရားက ကြီးထွားလာရ၏။ ထို့အတွက် သူမ လက်စားပြန်ချေရလိမ့်မည်။

ရုပ်ရည်က တကယ်ပဲ အရေးကြီးလား။ အသွင်အပြင် ခန္ဓာကိုယ်အချိုးအစားက အရေးကြီးလို့လား။ ဒီနှစ်ချက်တည်းနဲ့ လူတစ်ယောက်ကို ဆုံးဖြတ်မယ်ဆိုရင် ရူးမိုက်လွန်းရာမကျဘူးလား။ ပေါ့ပျက်ပျက်မနိုင်လွန်းဘူးလား။

စုံစမ်းရေးမှူးလီက အရာရှိလျိုကို လှည့်ကြည့်လိုက်သည်။ အရာရှိလျိုက ဘာမှမပြောဘဲ အသာခေါင်းညိတ်ပြလိုက်သည်။ စစ်ဆေးရေးမှူးလီက အခြေအနေကို အကဲခတ်ပြီးနောက် လက်ထဲမှဘောပင်ကို အောက်ချလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလာသည်။

“ကျွန်တော် စိတ်မကောင်းပါဘူး မစ်နဉ်.. အဲ့အကြောင်းတွေ ပြန်တွေးမိပြီး ဝမ်းနည်းစေမိပြီ..”

“ရပါတယ်.. အမှုအတွက် မေးမြန်းရတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်..” နဉ်ရှီက ခေါင်းခါယမ်းကာ မျက်နှာအမူအရာ ထိန်းလိုက်သည်။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now