“အမေ့သားက တခြားသူတွေရဲ့စကားကြောင့်နဲ့  ကိုယ့်ဘေးကလူတွေကို အနိုင်မကျင့်သင့်ဘူး။ အမေပြောတာ နားလည်လား?” ထောင်ဟွေ့ရွှယ်က သူမ၏ချွေးမလောင်းနှင့်ပတ်သက်၍ ကျေနပ်ကြောင်းမပြောလာသော်ငြား သူမသားအတွက် တောင်းဆိုချက်များအား အမေတစ်ယောက်အနေနှင့် သူမ၏အမြင်ကို ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။

ချစ်သူကောင်မလေးကိုပိုးပန်းရန်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သူမှာ သူသာဖြစ်သည်။ ယခု သူမဒုက္ခရောက်နေချိန်ကျမှ အပြင်လူပြောစကားတွေကို သည်းညည်းမခံနိုင်ဘဲ သူမကိုလမ်းခွဲခဲ့မည်ဆိုလျှင်တော့ ၎င်းက ထောင်ဟွေ့ရွှယ်ခွင့်လွှတ်နိုင်မည့်အရာ မဟုတ်ပေ။

“အမေ့ရဲ့အနာဂတ်ချွေးမလောင်းကဖြင့် မိသားစုထဲလက်ထပ်မဝင်လာရသေးဘူးနော်၊ အမေက အခုထဲက သူ့ဘက်လိုက်နေပြီလားဗျာ?” ချန်းရှီကွေ့က စိတ်သက်သာရာရသွားလျက် လည်ချောင်းသံပါသော ရယ်သံနှင့်ရယ်လိုက်သည်။ ကံကောင်းသည်မှာ သူ့အမေက ဤအဖြစ်အပျက်ကြောင့် နဉ်ရှီကိုစိတ်မခုသွားဘဲ ထိုအစား သူက နဉ်ရှီကို စွန့်ပစ်သွားမှာကို စိုးရိမ်နေခဲ့ခြင်းပင်။

အခြားမိသားစုများတွင် ယောက္ခမက ချွေးမကို အခက်တွေ့အောင် လုပ်တတ်ကြသည်။ ထိုအစား အနာဂတ်မှာ သူ၏မိသားစုထဲရှိအဆင့်က အောက်ဆုံးမှာပင်ရှိရန် ဖြစ်တန်တော့သည်။

ထောင်ဟွေ့ရွှယ်က ဖုန်းချလိုက်ပြီးနောက်တွင် သက်ပြင်းဖွဖွ‌လေးချလိုက်သည်။ သူမက ကုတင်ဘေးကဓာတ်ပုံကို လှည့်ကြည့်လိုက်သည်။ ပုံလေးက သူတို့မိသားစုသုံးယောက်၏ ဓာတ်ပုံပင်။ ပုံထဲတွင် ချန်းရှီကွေ့က ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးကာ ပျော်ရွှင်စွာပြုံးရယ်နေ၏။

သို့သော် ထိုကားတိုက်မှုဖြစ်ပြီးချိန်မှစ၍ ချန်းရှီကွေ့က ထိုကဲ့သို့ နောက်တစ်ကြိမ် ထပ်မပြုံးလာတော့ပေ။ ကားတိုက်မှုက သူမ၏ခင်ပွန်းကိုခေါ်ထုတ်သွားခဲ့ရုံသာမက သူမသား၏ဖြူစင်မှုနှင့်ပျော်ရွှင်မှုကိုလည်း ယူသွားခဲ့လေ၏။

ထိုမိန်းမပျိုလေးအပေါ် သူမသား၏ရည်ရွယ်ချက်တွေကို သူမသတိမထားမိဘဲ ဘယ်ရှိမလဲ? သူဌေးကတော်တွေ သူတို့ရဲ့နောက်ကွယ်မှာ သူမအကြောင်းအတင်းပြောရုံမကလို့ တစ်စုံတစ်ယောက်က သူ့ရှေ့တည့်တည့်မှာ နဉ်ရှီ့အကြောင်းမကောင်းတာတွေ လာပြောရင်တောင်မှ ချန်းရှီကွေ့က သူမနားက‌နေထွက်သွားမှာ မဟုတ်ပေ။

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now