ကျန်းချင်းယွင်သည် ကြောင်အ,သွားပြီးမှ ချက်ချင်းဆိုသလို နဉ်ရှီ၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။ ထို့ကြောင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချင်းယွင် ထွက်သွားပြီးနောက် နဉ်ရှီလည်း သူမ၏ အနောက်ဘက်ရှိ သံတံခါးမကြီးကို လှည့်ကြည့်လိုက်၏။ အိတ်ထဲမှ သော့ကတ်ထုတ်ကာ ဂိတ်တံခါးဖွင့်လိုက်သည်။

အိမ်အကြီးကြီး မဟုတ်သဖြင့် ခြံဝင်းက သိပ်မကျယ်ပေ။ သို့ဖြစ်ရာ ခြေလှမ်းအနည်းငယ်အတွင်း အိမ်ရှေ့တံခါးရှေ့သို့ ရောက်သွားသည်။ နဉ်ရှီ တံခါးဖွင့်ရန် လက်လှမ်းလိုက်စဉ်မှာပင် တံခါးက ကလစ်ခနဲ မြည်သံနှင့်အတူ အတွင်းဘက်မှ ပွင့်လာခဲ့သည်။

နဉ်ရှီသည် တံခါးနောက်မှလူကို မော့ကြည့်လိုက်ပြီးမှ မသိစိတ်အရ အကြည့်လွှဲကာ လက်ကို ပြန်ရုတ်လိုက်မိသည်။

စိတ်ထဲတွင် အနည်းဆုံးတော့ ချန်းရှီကွေ့ သူမကို မေးခွန်းထုတ်လာလိမ့်မည်ဟု ထင်မြင်ခဲ့သော်ငြား ချန်းရှီကွေ့က ဘာမှမပြောဘဲ သည်အတိုင်းလေးသာ ငေးကြည့်နေခဲ့၏။ သို့သော် သူ၏ မျက်ဝန်းနက်နက်ထဲမှ စိတ်ခံစားချက်များကိုမူ ခန့်မှန်းရခက်လှသည်။

"ကျွန်မ...."

ထိုအခိုက် ချန်းရှီကွေ့က သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်သဖြင့် နဉ်ရှီမျာ ဘာမှဆက်မပြောနိုင်တော့ပေ။ အဆုံးမှာတော့ စကားနှစ်လုံးသာ ပြောလိုက်မိသည်။ "ကျွန်မ တောင်းပန်ပါတယ်.."

သူမက သူ၏ ချစ်သူကောင်မလေးအနေဖြင့် အလွန်ဆိုးဝါးသည့် လုပ်ရပ်တစ်ခုကို လုပ်လိုက်မိခြင်းပင်။ သူမသာ ချန်းရှီကွေ့ဆိုလျှင် သူမလို ချစ်သူကောင်မ‌လေးကို သည်းမခံနိုင်လောက်ဟု တွေးလိုက်မိသည်။

ချန်းရှီကွေ့က စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ ပျောက်ဆုံးသွားသော ရတနာလေးတစ်ခု ပြန်ရလိုက်သလိုမျိုး နဉ်ရှီကိုသာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့၏။

"ရှီရှီ.." ချန်းရှီကွေ့၏ အသံက ပုံမှန်ထက် အက်ရှနေလေသည်။ သူမလေးကို အတော်ကြာသည်အထိ ကြင်နာစွာ ထွေးပိုက်ထားပြီးနောက် ပြန်လွှတ်ပေးလိုက်ရင်း.. "လာ.. ပင်ပန်းလာမှာပဲ.. ကိုယ် ညစာအတွက် မင်းအကြိုက်ဆုံး ဝက်နံရိုးဟင်း ချက်ထားပေးတယ်.."

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now