"ဒီမင်းသမီးက ဖော်ရွေသားပဲနော်.." ရိုက်ကွင်းအဖွဲ့သားများက ပစ္စည်းသိမ်းရင်း ဘယ်သရုပ်ဆောင်က သဘောကောင်းတာ၊ ဘယ်သရုပ်ဆောင်ကတော့ မာနကြီးလိုက်တာ စသည်ဖြင့် အတင်းတုပ်နေကြတော့သည်။ ပုံမှန်အားဖြင့် နာမည်ကျော် မင်းသား၊ မင်းသမီးများသည် EQ မြင့်ပြီး သူတို့အပေါ် နွေးထွေးဖော်ရွေကြသော်လည်း ယခုမှ နာမည်ကြီးလာသော လူသစ်များကတော့ ထောင်လွှားတတ်ကြသည်။

"အဲ့လိုမနေတတ်ရင် ဘယ်လိုလုပ် အောင်မြင်လာမှာလဲ..? သူ(မ)မှာ A-list သရုပ်ဆောင်သူငယ်ချင်းတွေ တစ်သီကြီး ရှိရုံတင်မကဘူး.. ချန်းရှီကွေ့လို လူကိုတောင် လက်ထဲချုပ်ကို်ငထားတာလေ.." မိတ်ကပ်ဆရာက မျက်ခုံးပင့်ကာ.. "ဒီလောကထဲမှာ သူ့(မ)လို အရမ်းကံကောင်းတဲ့လူမျိုး ဘယ်နှစ်ယောက်ရှိလို့လဲ..?"

ကျန်လူများလည်း သူမ၏ စကားက အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရပြီး ထိုအကြောင်း စိတ်အားထက်သန်စွာ ဆက်လက် အတင်းတုပ်ကြတော့သည်။

"ဘယ်ကိုသွားမှာလဲ..?" ကျန်းချင်းယွင်က စတီယာရင်ကို လက်တစ်ဖက်တင်ပြီး ကျန်တစ်ဖက်ဖြင့် နဉ်ရှီထံ ဖုန်းကမ်းပေးသည်။ "ဓာတ်ပုံရိုက်နေတုန်း မစ္စတာချန်း ဖုန်းခေါ်နေတာ အကြိမ်မနည်းဘူး.."

နဉ်ရှီ ဖုန်းကို ယူကြည့်လိုက်သောအခါ Missed Call 21 ခု တွေ့လိုက်ရ၏။ သူမက နှုတ်ခမ်းတင်းတင်း စေ့လိုက်မိရင်း ကျန်းချင်းယွင်ကို လှမ်းပြောလိုက်သည်။ : "သူ့ဆီ သွားမယ်.."

'သူ' ဆိုသည့်စကားက 'ချန်းရှီကွေ့'ကို ဆိုလိုမှန်း ကျန်းချင်းယွင် နားလည်လိုက်သည်။ ထို့ကြောင့် ဘာမှထပ်မမေးတော့ဘဲ ကားလမ်းကြောင်း ပြောင်းလိုက်သည်။ လမ်းတစ်လျှောက်လုံး ကျန်းချင်းယွင်က နဉ်ရှီကို စကားစမပြောခဲ့သလို နဉ်ရှီကလည်း ကားပြတင်းကိုမှီရင်း အပြင်ဘက်ရှုခင်းများကို ခံစားချက်မဲ့စွာ ငေးမောကြည့်နေခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက် ကျန်းချင်းယွင်သည် ကားရပ်လိုက်ပြီး နဉ်ရှီဘက်လှည့်ကာ.. "ရောက်ပြီ.."

"ကျေးဇူး အစ်ကိုကျန်း.." နဉ်ရှီက ကားတံခါးဖွင့်ကာ အပြင်ထွက်လိုက်သည်။ ထို့နောက် ကျန်းချင်းယွင် ထိုင်နေသည့် ကားပြတင်းနား ခေါင်းငုံ့လိုက်ရင်း.. "အစ်ကိုကျန်း.. လတ်တလော အလုပ်သစ် လက်မခံနဲ့ဦးနော်.. သတင်းထွက်ပြီး အခြေအနေကို စောင့်ကြည့်ကြတာပေါ့.."

နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း[ဘာသာပြန်] ✔️✔️✔️Where stories live. Discover now