Part 28

2.5K 167 17
                                    

Unicode

အပေါ်ထပ်ကဆင်းလာတဲ့ မေမေ့ကိုလှမ်းကြည့်လိုက်ရင်း ဧည့်ခန်းမှာ ထိုင်နေရာကနေ ညီသုတ ထလာဖို့ ပြင်လိုက်သည်။ အခုချိန်မှာ မေမေနဲ့လည်း စကားအချေအတင်တွေ
မဖြစ်ချင်ပါ။

"သား .. ခနနေဦး"

ဆိုဖာမှာ ထိုင်လိုက်ရင်း လှမ်းခေါ်တာကြောင့် မေမေ့ကိုမကြည့်ဘဲ ပြန်ထိုင်နေပေးလိုက်သည်။

"မေမေ့ကို ဘယ်အချိန်ထိ စိတ်ဆိုးနေဦးမှာလဲ"

"မေမေ့ကို စိတ်မဆိုးနေပါဘူး"

"ပြီးတော့ ကျောင်းကိစ္စတွေကိုရော ဘာလို့ အကုန်ရပ်ထားတာလဲ"

"သား .. ပင်ပန်းနေလို့ .."

"မေမေလည်း စိတ်ပင်ပန်းတယ်၊ အမြဲပျော်ရွှင်နေတတ်တဲ့
မေမေ့သားကို ဒီလိုပုံစံမြင်ရတာ စိတ်မကောင်းဘူး"

"အဲ့ဒီအတွက် တောင်းပန်ပါတယ် မေမေ၊ သား .. သွားနားတော့မယ်"

"ကောင်းဆက်က ဘာပြောလဲ"

ထလာဖို့ပြင်ပြီးမှ မေမေမေးတဲ့ မေးခွန်းကြောင့် ပြန်ထိုင်လိုက်ရင်း -

"မေမေ .. လက်ခံတယ်လား"

မေမေက ပြုံးရင်း ခေါင်းညိတ်သည်။

"မေမေ .. တကယ်နော်"

မေမေ့လက်မောင်းကို မှီပြီး ကပ်ထိုင်တော့ မျက်စောင်းထိုးရင်း -

"ဖယ်ပါ .. အခုမှ၊ စောစောကတော့ မအေကိုစကားတောင်မပြောနိုင်ဘဲနဲ့"

"မဟုတ်ပါဘူး မေမေကလည်း၊ မေမေကအမြဲတမ်း သားဘက်မှာရှိတာလေ၊ ဒီကိစ္စမှာ မေမေကပါ လက်မခံတော့ သားကတစ်ယောက်တည်းလို့ ခံစားနေရတာ၊ အခုမှပဲ အားရှိသွားတယ်"

"ဟုတ်ပါပြီ၊ ဘာဆက်လုပ်မယ်ဆိုတာ မေမေ့ကို တိုင်ပင် ကြားလား"

"ဟုတ် .. "

.….... ....…. .. ........ ...

အမေကို ပွေ့ဖက်နမ်းပြီးမှ အပေါ်တက်သွားတဲ့ သားဖြစ်သူကို ကြည့်ရင်း ဒေါ်မိုးမမ သက်ပြင်းချမိသည်။ သူခံစားနေရတာ အမေ့ကြောင့်ဆိုတာမျိုးတော့ အဖြစ်မခံနိုင်ပါ။ ဒီအမေကပါ သူ့ဘက်မှာ ရှိမနေပါလားဆိုပြီး သားလေး အားငယ်နေမှာ၊ ၀မ်းနည်းနေမှာကိုလည်း မလိုလား။ ဘယ်ကိစ္စမှာမဆို သားဘက်မှာ အမြဲရပ်တည်ခဲ့တဲ့ အမေအဖြစ်ပဲ မြင်စေချင်သည်။

Love & HurtKde žijí příběhy. Začni objevovat