Part 4

5.8K 275 4
                                    

Unicode

မနက်စာ စားရင်း အိမ်ရှေ့ကဖုန်းသံကြောင့် ဖုန်းထွက်ပြောပြီးမှ ပြန်လာတဲ့ မေမေက စားပွဲမှာပြန်၀င်ထိုင်ရင်း ...

"မမိုးဆက်တာ၊ ဒီနေ့ ဧည့်သည်ချိန်းထားတာ မလာနိုင်လို့ လှမ်းပြောတာတဲ့"

"ဘာလို့တဲ့ လဲ"

"မနေ့က ဒီကနေအပြန် သူ့သားလေး ကားပေါ်ကဆင်းတုန်း ခြေချော်ပြီးကျတာ ခြေကျင်း၀တ်လည်သွားလို့ဆိုလားပဲ"

မေမေ့စကားကြောင့် လန့်သွားရင်း မော့ကြည့်မိသည်။ ညီသုတအောင် လား။

"ဘယ်သူလဲ မေမေ"

"မနေ့က လာတဲ့ ဒေါ်မိုးမမရဲ့သားလေ၊ အမယ် .. ငါ့သားက သူများအကြောင်းတွေဘာတွေမေးလို့ပါလား"

"မဟုတ်ပါဘူး မေမေရဲ့၊ ဒီကအပြန်ဖြစ်တယ်ဆိုလို့ မေးကြည့်တာ"

"အင်းပါ အဲ့လိုမျိုးလေးလဲ ကိုယ့်အနီးနားပတ်၀န်းကျင်ကိုတော့ စိတ်၀င်တစားရှိမှပေါ့"

"ဟုတ်"

ဖေဖေနဲ့ မေမေ ဆက်ပြောနေကြတာတွေကိုလည်း အာရုံမရတော့။ ညီသုတအောင်က နေရင်းထိုင်ရင်း ဘာဖြစ်ရတာလဲ။ ကျွန်တော်နဲ့ ရင်းနှီးမိသွားလို့လား။ မနေ့က ညီသုတအောင်ကို ခင်ဖို့ကောင်းသားပဲ လို့ တွေးမိလိုက်လို့များလား။ ကော်ဖီခွက်ကို ကုန်အောင်သောက်လိုက်ပြီး ထမင်းစားခန်းကနေ ထထွက်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ Contact ထဲက မှတ်ထားတဲ့ ညီသုတအောင်နံပါတ်ကို ခေါ်သင့်၊ မခေါ်သင့် စဉ်းစားနေမိသည်။‌ေ တိုက်ဆိုင်တာပဲလား။ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ။ ဒီကိစ္စမျိုးက တိုက်ဆိုင်တာဟုတ်လား မဟုတ်လားဆိုတာကို နောက်တကြိမ်ထပ်စမ်းသပ်လို့ ကောင်းတာမျိုးလည်း မဟုတ်ဘူးလေ။

အခုနေ ဖုန်းဆက်ပြီးမေးလိုက်လို့လည်း ညီသုတအောင် ခြေထောက်က ချက်ချင်းပြန်ကောင်းသွားမှာ မဟုတ်သလို၊ ကျွန်တော်ထပ်သွားပတ်သတ်လိုက်ခါမှ ပိုဆိုးသွားရင်ရော။ တွေးရင်းနဲ့ စိတ်ကရှုပ်ယှက်ခတ်လာသည်။ အဲ့ဒါကြောင့် လူတွေနဲ့မပတ်သတ်ချင်တာပဲ ဖြစ်သည်။ ဒါမျိုးက တစ်ခါနှစ်ခါလည်း မဟုတ်တော့တာကို ဆင်ခြင်ခဲ့ရမှာ။ မနေ့က ညီသုတအောင်နဲ့ စကားတွေ အဲ့လောက်အကြာကြီး မပြောလိုက်လည်း ရတာကို။

Love & HurtOù les histoires vivent. Découvrez maintenant