Part 19

2.8K 173 18
                                    

Unicode

"ကားက အပြင်မှာ .."

ခြံအပြင်မှာရပ်ထားတဲ့ ကားဆီကို လျှောက်လာရင်း ပြောတော့ ကောင်းဆက်က ဘာမှမပြောဘဲ ဘေးကနေလိုက်လာသည်။ ကားပေါ်တက်ပြီးချိန်အထိလည်း တိတ်ဆိတ်နေသည်။ အဲ့ဒီလို အခြေအနေကြီးကို ညီသုတ  မကြိုက်ပါ။

"အိမ့်မြတ် က မူးရင် အဲ့လိုပဲ၊ အပြင်မှာဆိုလည်း သူနဲ့ဆို တစ်ဖွဲ့လုံး လိုက်ဆွဲနေရတာ "

ကောင်းဆက်က ထိုင်ခုံ ခါးပတ်ပတ်ရင်း ခေါင်းညိတ်ပြသည်။ ပြီးတော့ ခေါင်းကိုနောက်မှီချထားပြီး မျက်လုံးတွေကို မှိတ်ထားသည်။ ကားမောင်းရင်းကနေ တချက်တချက်လှည့်ကြည့်ကာ အခုအခြေအနေကို ဘယ်လိုစကားစပြောရင်ကောင်းမလဲ တွေးနေမိသည်။ ဘာတစ်ခွန်းမှ မမေးပေမယ့်လည်း ညီသုတနဲ့အိမ့်မြတ်ကို ကောင်းဆက်ဘယ်လိုတွေးနေမလဲဆိုတာ မသိနိုင်။

ညီသုတ စိတ်ဆုံးဖြတ်လိုက်ပြီး ကားကို ‌လမ်းဘေးနား ချရပ်လိုက်သည်။

"ကောင်းဆက် .. ငါ တောင်းပန်တယ်နော်"

ကောင်းဆက်က မျက်လုံးဖွင့်ကြည့်လာရင်း ..

"ဘာကိုလဲ .."

"မင်း စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ အခြေအနေတိုင်းအတွက် ..၊ ဘာမှမဖြစ်ဘူးလို့တော့ မပြောပါနဲ့"

"တောင်းပန်စရာမလိုပါဘူး၊ စိတ်အနှောက်အယှက်ဖြစ်ရတယ်ဆိုရင်တောင် အဲ့ဒါငါ့ကြောင့်ပဲလေ"

"ဘာလို့ မင်းကြောင့် ဖြစ်ရမှာလဲ .."

"ငါ ဒီမှာရှိနေလို့လေ .. ငါရှိနေရမဲ့နေရာမဟုတ်ဘဲရှိနေလို့ မင်းတောင် စိတ်အနှောက်ယှက်ဖြစ်ရသေးတာမဟုတ်ဘူးလား၊ ငါသာမပါရင် ... ဒီလိုပြဿနာတွေလည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့"

"ဘာဆိုင်လို့လဲ .."

ကောင်းဆက်က ဘာမှဆက်မပြောဘဲ မျက်နှာကို တစ်ဖက်လှည့်ထားသည်။

"ငါက မင်းပါနေလို့ အိမ့်မြတ်ကို ဒီလိုမျိုးဆက်ဆံတာလို့ ထင်နေတာလား၊ သူ မူးပြီး မဟုတ်တာတွေလျှောက်ပြောနေတာကို ဘယ်အချိန်ပဲဖြစ်ဖြစ် ငါ ဒီလိုပဲပြောမှာပဲ"

Love & HurtWhere stories live. Discover now