Part 13

3.2K 186 18
                                    

Unicode

အိမ်ပြန်ရောက်တော့ အ၀တ်စားမလဲသေးဘဲ ကုတင်ပေါ်လှဲအိပ်လိုက်သည်။ စိတ်ထဲမှာ မကြည်တာနဲ့ ကျွန်တော့်အကျင့်အတိုင်း ခေါင်းကလည်း တဆစ်ဆစ်ကိုက်လာသည်။ ထပ်မြည်လာတဲ့ဖုန်းသံကို ပိတ်ပစ်လိုက်ရင်း ဖုန်းကို ကုတင်ပေါ် မှောက်ပြီး ချထားလိုက်သည်။ လမ်းမှာထဲက ညီသုတဆီက ဖုန်းတွေဆက်တိုက်၀င်လာနေပေမဲ့ ကျွန်တော်မကိုင်ဖြစ်ပါ။

မျက်လုံးကို ခနမှိတ်ထားလိုက်ရင်း မှေးခနဲအိပ်ပျော်သွားသလိုဖြစ်ပြီးမှ အခန်းတံခါးကို ခေါက်တဲ့အသံကြောင့် ကျွန်တော်ပြန်နိုးလာသည်။
"ဒေါ်ကြီးလား" လို့ လှမ်းမေးမလို့ လုပ်ပြီးမှ ဒေါ်ကြီးက ဒီအချိန်လောက်ဆို သူ့အခန်းဘက် ပြန်သွားလောက်ပြီဆိုတာ စဉ်းစားမိသည်။ ဒေါ်ကြီးတို့လင်မယားက ကားဂိုထောင်ရဲ့အပေါ်ထပ် ထပ်ခိုးမှာ နေကြတာဖြစ်သည်။ တံခါးလာခေါက်တာမေမေပဲ ဖြစ်မှာမို့ ဘယ်သူလဲ မေးမနေတော့ဘဲ တံခါးထဖွင့်ပေးလိုက်သည်။ ဒါပေမယ့် တံခါးဖွင့်လိုက်တော့ ..

"ညီသုတ .."

ညီသုတက ဘာမှမပြောဘဲ အခန်းထဲဝင်လာပြီး ကုတင်ပေါ်မှာ ၀င်ထိုင်သည်။

"မင်း .. ဘာလို့ပြန်လာတာလဲ"

ကျွန်တော်မေးလိုက်တော့ မော့ကြည့်သည်။ အရင်နေ့တွေကလို အရမ်းမူးနေတဲ့ပုံစံမဟုတ်ပေမဲ့ နဲနဲတော့ သောက်ထားပြီးတဲ့ပုံပဲ ဖြစ်သည်။

"ငါက မေးရမှာလေ၊ မင်း ဘာလို့ပြန်သွားတာလဲ"

"မမေမီကို ပြောခဲ့တယ်လေ၊ ငါ နေလို့မကောင်းလို့ ဆိုတာ"

"ရုတ်တရက်ကြီး ဘာလို့ နေလို့မကောင်းတာလဲ"

"မင်း ဘာလုပ်မလို့လဲ၊ ဒီအချိန်ကြီးရောက်လာပြီးတော့ ဘာတွေမေးနေတာလဲ၊ ငါ အခုလဲ ခေါင်းကိုက်လို့ အိပ်နေတာ၊ ပြန်တော့"

"ကောင်းဆက် .."

ညီသုတ စိတ်မရှည်တဲ့ပုံစံနဲ့ ထိုင်နေရာကနေ ထလာသည်။

"ကောင်းဆက် .. မင်း ဘယ်တော့မှ ငါ့ကိုပွင့်ပွင့်လင်းလင်း ဆက်ဆံမှာလဲ၊ ငါ အရင်ကလဲ ပြောတယ်၊ ငါ့ကိုတစ်ခုခုမကျေနပ်တာရှိရင်ဖြစ်ဖြစ်၊ မင်းစိတ်ထဲမှာတစ်ခုခု ဖြစ်တာပဲဖြစ်ဖြစ် ပြောပါ ဆိုတာ.."

Love & HurtWhere stories live. Discover now